KHRW

Kachin Human Rights Watch

လူ့အခွင့်အရေးချိုးဖောက်မှုများ အစီရင်ခံစာ – သြဂုတ်လ၊ ၂၀၂၅

ဤအစီရင်ခံစာအရ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ပြည်သူ ၈ ဦးသည် လက်နက်ထိခိုက်၍ ဒဏ်ရာရရှိခဲ့ပြီး၊ ပြည်သူ ၅ ဦး သေဆုံးခဲ့ကြသည်။ ၎င်းထဲတွင် ကလေးငယ်နှစ်ဦးလည်း ပါဝင်သည်။  သြဂုတ်လ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူထားသည့် အစီရင်ခံစာအရ ပြည်သူ ၄၅ ဦးသည် ဒဏ်ရာရရှိခဲ့ပြီး၊ ပြည်သူ ၉ ဦး သေဆုံးခဲ့သည်။

၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုများနှင့် အမည်မသိလက်နက်တစ်စုကြောင့် ပြည်သူ ၁၄ ဦး သေဆုံးပြီး၊ ၅၃ ဦးသည် ဒဏ်ရာရရှိခဲ့သည်။ ထိုသေဆုံးမှုများထဲတွင် ကလေးငယ်များနှင့် အမျိုးသားများ ပိုမိုသေဆုံးခဲ့သည်ကို တွေ့ရှိရသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲပြင်ဆင်နေသည့်အချိန်၌ ပြည်သူလူထုများကို ပစ်မှတ်ထား၍ လက်နက်ကြီးများအသုံးပြုပြီး ရမ်းသမ်းပစ်ခတ်မှုများ ပိုမို လုပ်ဆောင်နေသည်။

Pdf file download: https://docs.google.com/uc?export=download&id=1pwEJex69QAja2IfhIN2BiHJ4WTRcAkm9

August 1–15, 2025 Report – https://khrw.net/2025/08/လူ့အခွင့်အရေးချိုးဖောက-4/

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links