၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ
အကျဉ်းချုပ်
ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှ ၁၅ ရက်အထိ ကချင်ပြည်နယ်အတွင်း ပြည်သူများ လက်နက်ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းအခြေအနေများကို ဖော်ပြထားပါသည်။ အဆိုပါ အစီရင်ခံစာအရ ပြည်သူ ၄၅ ဦးသည် လက်နက်ထိခိုက်ဒဏ်ရာရခဲ့ခြင်းကို တွေ့ရှိရသည်။ ထို့အပြင် ပြည်သူ ၉ ဦးသည် လက်နက်ထိခိုက်သေဆုံးခဲ့ကြပြီး၊ ၎င်းထဲတွင် ကလေးငယ်များနှင့် ကျောင်းသူပါဝင်နေပါသည်။ သေဆုံးသူများထဲတွင် အမျိုးသားများ ပိုများနေပါသည်။
လက်နက်ပစ်ခတ်မှုများသည် အာဏာသိမ်းစစ်ကောင်စီတပ်မှ ပြည်သူများ နေထိုင်သည့် နေအိမ်များနှင့် အများသွားလမ်းများကို လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်ခြင်းကြောင့် ဖြစ်ပေါ်ခဲ့ပါသည်။ ယင်းကဲ့သို့ ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းများအတွက် စစ်ကောင်စီတပ်မှ ယနေ့အချိန်ထိ မည်သည့် တာဝန်ယူမှု မရှိပါ။
လူ့အခွင့်အရေးချိုးဖောက်မှုများကို ဦးဆောင်နေသည့် တပ်ပိုင်းဆိုင်ရာ အရာရှိများကို အမြန်ဆုံး အရေးယူဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့အပြင် ၎င်းကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများကို အားပေးကူညီနေသူများနှင့် အဖွဲ့များကိုလည်း ချက်ချင်း အရေးယူ၍ ဒဏ်ခတ်အရေးယူမှုများ ဆောင်ရွက်သင့်ပါသည်။




