အကျဉ်းချုပ်
၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော အကျဉ်းချုပ်အစီရင်ခံစာအား ဖော်ပြလိုက်ပါသည်။ ဇူလိုင်လအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို စစ်တိုက်လေယာဉ်ဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲသတ်ဖြတ်ခဲ့သည်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် အမည်မသိ လက်နက်ကိုင်အဖွဲ့အစုများမှ ပြည်သူများကို မတရားသတ်ဖြတ်မှုများ ဆက်လက်ကျူးလွန်နေသည်။ ဇူလိုင်လ၏ နောက်ဆုံးအပတ်တွင် စစ်ကောင်စီက “ကော်မရှင်အသစ်” တစ်ခုကို ဖွဲ့စည်းခဲ့သည်။ ထို့ပြင် ဖေ့စ်ဘွတ်ခ် (Facebook) အသုံးပြုခွင့်နှင့်ပတ်သက်သော ဥပဒေကို မျက်နှာပြင်ပေါ်တွင် လုပ်ဆောင်လာခဲ့သည်။ ၎င်းဥပဒေသည် ပြည်သူများအား မတရားဖမ်းဆီးရန် ရည်ရွယ်ချက်ဖြင့် အသုံးချရန် ဖြစ်သည့် ဥပဒေဖြစ်သည်ဟု တွေ့မြင်ရသည်။ စစ်ကောင်စီတပ်သည် ပြည်သူလူထုအပေါ် မတရားဖိနှိပ်မှုများ ဆက်လက်ကျင့်သုံးနေသည်။ ဇူလိုင်လအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများနှင့် အမည်မသိလက်နက်ကိုင်အဖွဲ့အစုကြောင့် ပြည်သူ (၁၂) ဦး သေဆုံးပြီး (၂၀) ဦး ဒဏ်ရာရရှိခဲ့သည်။ (စုစုပေါင်းအရေအတွက်သည် အနည်းငယ်ကွဲပြားနိုင်ပါသည်။)







