KHRW

Kachin Human Rights Watch

လူ့အခွင့်အရေးချိုးဖောက်မှုများ အစီရင်ခံစာ – ဇွန်လ

အကျဉ်းချုပ်

၂၀၂၅ ခုနှစ် ဇွန်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော အကျဉ်းချုပ်အစီရင်ခံစာအရ၊ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူလူထုများကို မတရားသတ်ဖြတ်ခြင်းများကို ဆက်လက် ကျူးလွန်နေသည်။ ထို့အပြင် ဖားကန့်မြို့နယ်အတွင်း အမည်မသိ လက်နက်ကိုင်အဖွဲ့အစုမှ ပြည်သူများကို မတရားသတ်ဖြတ်မှုများ ပိုမို ပြုလုပ်နေသည်ကို တွေ့ရှိရသည်။အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတကာစစ်ဥပဒေများနှင့် လူ့အခွင့်အရေး ဥပဒေများကို လုံးဝမလေးစားဘဲ ဆက်လက်ချိုးဖောက်နေဆဲဖြစ်သည်။ ထိုသို့ ချိုးဖောက်မှုများ ပြုလုပ်နေသည့် စစ်ကောင်စီကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ထိရောက်သော အရေးယူမှု မရှိဘဲ ဆက်လက်ပံ့ပိုး ဆောင်ရွက်နေသည်။ ဇွန်လအတွင်း စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးပွဲ (Peace Forum) များ ပြုလုပ်နေခြင်းမှာ ရွေးကောက်ပွဲအောင်မြင်ရေး အတွက်သာ ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း အာဏာသိမ်းစစ်ကောင်စီသည် အရပ်သားပြည်သူ (၁၇) ဦးကို သတ်ဖြတ်ခဲ့ပြီး၊ အမည်မသိ လက်နက်ကိုင်တစ်စုမှ ပြည်သူ (၃) ဦးကို သတ်ဖြတ်ခဲ့သည်။ ၄င်းသေဆံုးမှုထဲတွင် အမျုိးသားအများဆံုးဖြစ်နေပါသည်။​ ထို့အပြင် ပြည်သူ (၆) ဦးသည် လက်နက်ထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ (စုစုပေါင်းအရေအတွက်မှာ အနည်းငယ်ကွဲပြားနိုင်ပါသည်။ဇွန်လအတွင်း ဖားကန့်မြို့နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အများဆုံး ဖြစ်ပွားခဲ့သည်။

Download the PDF file: https://docs.google.com/uc?export=download&id=1UHHLwYHTQihQkPtxRk-rQoEAPIjGSsI5

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links