KHRW

Kachin Human Rights Watch

ကချင်ပြည်နယ်တွင် တိုက်ပွဲအရှိန်မြင့်၊ လူသားချင်းစာနာမှုအကူအညီ လိုအပ်မှု မြင့်တက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်ယားကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသဖြင့် နမ့်ယားကျေးရွာရှိ ပြည်သူများသည် ၂၀၂၅ ခုနှစ် ဧပြီလမှ ဇူလိုင်လ ၂ ရက်နေ့အထိ လယ်ယာ၊ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါသည်။

ကချင်ပြည်နယ် ဒေသများတွင် စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများအတွက် နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီများ ပိတ်ပင်တားမြစ်မှုမပြုလုပ်ဘဲ ထိရောက်စွာ ပေးအပ်နိုင်ရေး လိုအပ်ပါသည်။  ထို့အပြင် ပြည်သူများသည် မိမိတို့၏ ဘေးကင်းလုံခြုံစိတ်ချရသည့် နေရာများမရှိသောကြောင့် တိုက်ပွဲကြားတွင် ထွက်ပြေးတိမ်းနေရပါသည်။​

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် ပြည်သူလူထု ၃.၅ သန်းကျော် နေရပ်စွန့်ခွာရပြီး၊ လူဦးရေ သန်း ၂၀ နီးပါးသည် ထောက်ပံ့ကူညီမှု လိုအပ်နေပါသည်။ သို့သော် စစ်တပ်မှ လူသားချင်းစာနာမှုအကူအညီများကို ပိတ်ပင်တားမြစ်နေသည်ဟု ကုလသမဂ္ဂ လူ့အခွင့်ရေး မဟာမင်းကြီး၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

Photos: Nam Ya Buga Hkalup Hpung Facebook page

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links