အကျဉ်းချုပ်
၂၀၂၅ ခုနှစ် မေလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်သော အကျဉ်းချုပ်အစီရင်ခံစာအရ၊ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူလူထုကို မတရားသတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးခြင်းများကို ဆက်လက် ကျူးလွန်နေသည်။
အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတကာစစ်ဥပဒေများကို လိုက်နာမှုမရှိဘဲ ချိုးဖောက်နေသည်။ ဤသို့ ချိုးဖောက်မှုများပြုလုပ်နေသည့် စစ်ကောင်စီကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံအချို့က စစ်ကောင်စီနှင့် ဆက်ဆံရေးများကို ဆက်လက်ထားရှိကာ တွေ့ဆုံခြင်း၊ ထောက်ပံ့ခြင်းများ ဆောင်ရွက်နေသည်ဟု တွေ့ရှိရသည်။
၂၀၂၅ ခုနှစ် မေလအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီသည် အရပ်သားပြည်သူ (၃၈) ဦးကို သတ်ဖြတ်ခဲ့ပြီး၊ (၅) ဦးမှာ လက်နက်ထိမှန်ကြောင့် ပြင်းထန်သော ဒဏ်ရာများရရှိခဲ့သည်။ ထို့ပြင် ပြည်သူ (၇) ဦးကို မတရားဖမ်းဆီးခဲ့သည်။ (စုစုပေါင်းအရေအတွက်မှာ ကွဲပြားနိုင်သည်။)
ကချင်ပြည်နယ်အတွင်း စစ်ပွဲများကြောင့် အရပ်သားပြည်သူ ထောင်ပေါင်းများစွာ ထွက်ပြေးနေရပြီး၊ ၎င်းတို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုများ အရေးပေါ်လိုအပ်နေပါသည်။








Human Rights Violations Report: Download here