ဧပြီလအတွင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာကို အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့ ပူးပေါင်းကာ အဆိုပါကျေးရွာရှိ လူနေအိမ်အားလုံးနီးပါး (အိမ်ခြေ ၁၀၀ ခန့်) မီးရှို့ခဲ့သည်။ ထို့အပြင် ဒေသခံပြည်သူနှစ်ဦး ဖြစ်သော အသက် ၃၉ နှစ်ရှိ ဒေါ် ပေါ်ခေါန်ရွယ် (Hkoi Roi) နှင့် အသက် ၄၀ ဝန်းကျင်အရွယ်ရှိ စိတ်ကျန်းမာရေးမကောင်းသူ အင်လာနော် (Nla Naw) တို့ကိုလည်း ပစ်သတ်ခဲ့သည်။
၄င်းဒေသတွင် စစ်ကောင်စီတပ်များ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူများ လက်နက်ထိခိုက်ဒဏ်ရာရခြင်း၊ အများပြည်သူပိုင် စာသင်ကျောင်း ပျက်စီးခြင်းနှင့် အိမ်မွေးတိရစ္ဆာန်များ သေဆုံးခြင်းတို့ ဖြစ်ပွားခဲ့သည်။ လဝါးကျေးရွာတွင် စစ်ကောင်စီတပ်များဖြစ်သည့် တပ်ရင်း (ခလရ) ၂၉၇ နှင့် ၂၉၇ တပ်ရင်းများနှင့် ပြည်သူ့စစ်အဖွဲ့ အဓိက လှုပ်ရှားနေသည့် ဒေသဖြစ်ပါသည်။



