KHRW

Kachin Human Rights Watch

လက်နက်ကြီးပေါက်ကွဲမှုကြောင့် နှစ်ဦး သေဆုံး

၂၀၂၅ ခုနှစ် ဧပြီလ ၂၅ ရက်နေ့၊ ၁၁ နာရီခွဲခန့်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ မလိခ ဝန်ထမ်းအိမ်ရာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် တစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နှစ်ဦး သေဆုံးခဲ့သည်။ ၄င်းလက်နက်ကြီးကို မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းက ပစ်ခတ်ခဲ့သည်ကို ယခုအချိန်အထိ မသိရသေးပါ။ လက်နက်ကြီးပေါက်ကွဲခဲ့သည့်နေရာသည် အကြမ်းဖက် စစ်ကောင်စီအုပ်ချုပ်သည့် ဒေသဖြစ်ပါသည်။

အဆိုပါဖြစ်ရပ်နှင့် တပြိုင်နက်တည်းတွင် (၂၀၂၅ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်း) အကြမ်းဖက် စစ်ကောင်စီသည် ဝိုင်းမော်မြို့နယ်အတွင်းရှိ လမြန်၊ နောင်စီပေါ စသည့် ကျေးရွာများ၌ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေဆဲ ဖြစ်ပါသည်။

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links