၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အပေါ် သဘောထားထုတ်ပြန်ချက်
Kachin Human Rights Watch – KHRW December 10, 2024 ယနေ့သည် (၇၆) ကြိမ်မြောက် “အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး” နေ့ဖြစ်ပါသည်။ ပြည်သူလူထုများ၏ လူ့အခွင့်အရေးအပြည့်အဝရရှိရေးအတွက် ရပ်တည်လှုပ်ရှားခဲ့သည့် ခေါင်းဆောင်များကို မိမိတို့ “ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW)” အဖွဲ့အစည်းမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ဂုဏ်ပြုအပ်ပါသည်။မိမိတို့နိုင်ငံသည် နှစ်ပေါင်းများစွာ အာဏာရှင်စနစ် စစ်အုပ်ချုပ်မှုကြောင့် ပြည်သူလူထုများသည် အခြေခံလူ့အခွင့်အရေးများကို ယနေ့အချိန်ထိ ချိုးဖောက်ခံနေရသည်။ အာဏာသိမ်းစစ်ကောင်စီ၏ ၄ နှစ် အုပ်ချုပ်မှုကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနှုန်း ပိုမိုးမြင့်လာနေပါသည်။ ပြည်သူလူထုများအပေါ် အာဏာသိမ်းစစ်ကောင်စီသည် နည်းလမ်းမျိုးစုံဖြင့် နိုင်ငံတကာလူ့အခွင့်အရေးများကို အများဆုံး ချိုးဖောက်နေသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီသည် ပြည်သူလူထုများကို စစ်တိုက်လေယာဉ်နှင့် လေကြောင်းတိုက်ခိုက်ရေးစနစ်ဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်သတ်ဖြတ်ခြင်း၊ ဘာသာရေး ဘုရားကျောင်းဆောင်များကို ဗုံးကြဲတိုက်ဖြတ်ခြင်း၊ ကလေးသူငယ်များနှင့် အမျိုးသမီးများ အပေါ် အကြမ်းဖက်ခြင်းနှင့် သတင်းအမှောင်းချ တိုက်ခိုက်ခြင်းများကို နေ့စဉ်နဲ့အမျှ ပေါ်ပေါ်ထင်ထင် ဆက်လက် ကျူးလွန်ချိုးဖောက်နေလျှက်ရှိသည်။ထို့ကြောင့် လူ့အခွင့်အရးချိုးဖောက်မှုများကို အမြန်ဆုံးရပ်တန့်ရန်အတွက် အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ ဖမ်းဝရမ်းထုတ်ပြန်၍ ချက်ချင်းအရေးယူဆောင်ရွက် ရန် အချိန်ရောက် ရှိကြောင်း ယနေ့ကျရောက်သည့် (၇၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် “ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW)” မှ ထုတ်ပြန် လိုက်ပါသည်။ For more information please contact:• Mr. Jacob (Kachin Human Rights Watch – KHRW), Signal no. (+91) 8178375228.