KHRW

Kachin Human Rights Watch

In 9 Months, an Unknown Armed Group Shot and Killed 7 Civilians

Kachin Human Rights Watch – KHRW October 15/ 2024 In Kachin State, Myanmar (Burma), within (9) months, in various areas of the township, an unknown armed group shot dead 8 people in public places; 7 of them died. This report describes an unknown armed group killing people with weapons in public areas.In 2024, on February 9, in Kachin State, on the other side of the confluence on the N Mai River, Daw Nhkum Ja Brim was killed on a sandy beach 1 mile west of the location. On March 18, 2024, at about 2:00 p.m. in Kachin State, Pastoral Nammye Hkun Jaw Li was shot and killed by an unknown armed group in Namtee city. Additionally, on April 4, 2024, in Kachin State, a group of armed men shot and killed a couple riding a motorcycle in Statapru Ward. The weapon used to kill them is still unknown. On April 11, 2024, in Kamaing city, Hpakan Township, Kachin State, U Jan Maw Tu Aung was shot and killed by an armed group. Then, on April 13, 2024, an unknown armed group opened fire on Father Paul Hkun Shin Aung during a prayer service at St. Patrick Catholic Church in Aung Thae (2) Ward, Mo Nying Myo, Kachin State; Father Hkun Shin Aung was injured. On May 22, 2023, in Maw War Ward, Hpakan Township, Kachin State, a man was shot dead in Maweng Ward. On the 24th, an armed group shot and killed U Thant Zin Oo (34 years old) near the market in Maw Oeun Ward. U Thant Zin Oo was a member of the fire brigade in Maw War Ward.

(၉) လအတွင်း အမည်မသိလက်နက်ကိုင်တစ်စုမှ ပြည်သူ (၇) ဦးကို ပစ်သတ်ခဲ့ခြင်း

Kachin Human Rights Watch – KHRW 15/ October/ 2024 (၉) လအတွင်း ကချင်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ ဒေသများတွင် အမည်မသိလက်နက်ကိုင်တစ်စုသည် ပြည်သူ ၈ ဦးကို အများပြည်သူ‌ နေရာတွင် ပစ်သတ်ခဲ့၍ ၇ ဦးသည် သေဆုံးခဲ့သည်။ ဤမှတ်တမ်းသည် အမည်မသိလက်နက်ကိုင်တစ်စုသည် အများပြည်သူ နေရာများတွင် လက်နက်ဖြင့် သတ်ဖြတ်ခဲ့သည့် မှတ်တမ်းကို‌ ဖော်ပြထားခြင်းဖြစ််ပါသည်။၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ ကချင်ပြည်နယ်၊ မြစ်ဆုံတစ်ဖက်ကမ်း မေခမြစ်အထက် မေခမြစ်အထက် မယ်တော်ဂူအနောက်ဘက် ၁ မိုင်အကွာသဲသောင်ပြင်တစ်နေရာတွင် ဒေါ်အင်ခရိုင်ဂျာဘရင့်သည် သတ်ဖြတ်ခံခဲ့ရသည်။ ဒေါအင်ခရိုင်ဂျာအရင့် သေဆုံးမှုနှင့် ပတ်သက်ပြီး ယနေ့အချိန်ထိ အမည်မသိလက်နက်ကိုင်တစ်စုမှဖြစ်သည်ကို ထုတ်ပြန်မှု ရှိသည်ကို မတွေ့ရှိရပေး။ ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့ နေ့ခင်း ၂း၀၀ နာရီခန့် အချိန်တွင် ကချင်ပြည်နယ်၊ နမ္မတီးမြို့တွင် ဘာသာရေးဆရာခွန်ဂျော်လီကို အမည်မသိလက်နက်ကိုင်တစ်စုမှ သေနတ်ဖြင့် လုပ်ကြံသတ်ပစ်ခဲ့သည်။ ဆရာခွန်ဂျော်လီ သေဆုံးမှုသည် ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ပစ်ခဲ့သည်ကို တွေ့ရှိရသည်။ ၎င်းသေဆုံးမှုနှင့် ပတ်သက်ပြီး မည်သည့်လက်နက်ကိုင်တစ်စုမှ ပစ်သတ်ခဲ့သည်ကို ယနေ့အချိန်ထိ မသိရှိ။ ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ ကချင်ပြည်နယ်၊ စီတာပူရပ်ကွက်တွင် ဆိုင်ကယ်စီးလာသည့် ဇနီးမောင်နှံနှစ်ဦးကို အမည်းအသိလက်နက်ကိုင်တစ်စုမှ  သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်။ ၎င်းပစ်သတ်သွားခဲ့သည့် လက်နက်တစ်စုသည် မည်သည့်လက်နက်ကိုင်တစ်စုဖြစ်သည်ကို မသိရှိရသေးပါ။ ၄င်းလအတွင်း ၁၁ ရက်နေ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကားမိုင်းမြို့ လမောင်ကထောင်ရွာအနီးနေရာတွင် အမည်းအသိလက်နက်ကိုင်တစ်စုသည်  ဦးဂျန်မော်တူးအောင်ကို ပစ်သတ်သွားခဲ့ရသည်။ ဦးဂျန်မော်တူးအောင် သေဆုံးမှုနှင်  ပတ်သက်၍ မည်သည့်အဖွဲ့အစည်းဖြစ်သည်ကို ထုတ်ဖော်ပြောဆိုမှုမရှိသေးပါ။ ထို့နောက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ ကချင်ပြည်နယ်၊ မိုးညှင်းမြို  အောင်သပြေ (၂) ရပ်ကွက် ရှိ စိန်ပတ်ထရစ် ကက်သလစ်ဘုရားရှိခိုးကျောင်း ဝတ်ပြုဆုတောင်းနေစဉ်အတွင်း အမည်မသိလက်နက်ကိုင်အဖွဲ့မှ  ဘုန်းတော်ကြီး ဖာသာရ် ပေါလ်ခွေရှင်းအောင်ကို သေနတ်ဖြင့်  (၅)ချက်ထက်မနည်း ပစ်ခတ်ခဲ့သောကြောင့် ဘုန်းတော်ကြီး ဖာသာရ် ပေါလ်ခွေရှင်းအောင်သည် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဖာသာရ် ပေါလ်ခွေရှင်းအောင် ပစ်ခတ်သွားသည့် အမည်အသိလက်နက်ကိုင်တစ်စုကို ယနေ့အချိန်ထိ မည်သည့် အဖွဲ့အစည်းဖြစ်သည်ကို မသိရှိရသေးပါ။ ၂၀၂၃ ခုနှစ်၊ မေလ (၂၂) ရက်နေ့ ဖားကန့်မြို့နယ်၊ မော်ဝမ်းရပ်ကွက်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ၂၄ ရက်‌နေ့ ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်ဈေးနားမှာ  လက်နက်ကိုင်အုပ်စုသည် ဦးသန့်ဇင်ဦး (အသက် ၃၄ နှစ်)ကို ပစ်သတ်ခဲ့သည်။ ဦးသန့်ဇင်ဦးသည် မှော်ဝမ်းရပ်ကွက်မှာ မီးသတ်တပ်ဖွဲ့ဝင်တစ်ယောက်တစ်ဦးဖြစ်ပါသည်။

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links