KHRW

Kachin Human Rights Watch

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာကိုအာဏာသိမ်းစစ်ကောင်စီမှ ဂျက်ဖိုက်တာ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူများထိခိုက်မှုရှိ

Kachin Human Rights Watch – KHRW September 16/ 2024 ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် (ယ‌နေ့) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာကို အာဏာသိမ်းစစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ၄င်းဆိုင်းတောင်ရွာကို စက်တင်ဘာလ ၁၂ ရက်နေ့တွင်လည်း ဂျက်ဖိုက်တာ နှစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီသည် ပြည်သူလူထုများနေထိုင်သည့် နေရာများတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူများထိခိုက်ဒဏ်မှုများရှိနေပါသည်။

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links