Kachin Human Rights Watch – KHRW
Date: July 2/ 2024
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများ၊ မြို့များတွင် အာဏာသိမ်းစစ်ကောင်စီအား လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခိုက်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဇွန်လ (၆ လ) အတွင်း အရပ်သားပြည်သူလူထုများစွာ ပြင်းထန်စွာထိခိုက်ဒဏ်ရမှုနှင့် သေဆုံးမှုများသည် ပိုမိုများပြားလာသည်ကို တွေ့ရှိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများမှ အရပ်သားပြည်သူလူထုများကို မတရားဖမ်းဆီးရိုက်နှက်ညှင်းပန်း၍ ထောင်ဒဏ်ချမှတ်ခြင်းများလည်း ပြုလုပ်ခဲ့ပါသည်။ အထူးသဖြင့် ကချင်ပြည်နယ်အတွင်း ဘာသာရေးအဆောက်အဦများကို ပစ်မှတ်ထား၍ တိုက်လေယာဉ်အပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဘာသာရေးဆရာများကို မတရားဖမ်းဆီးစစ်ဆေးမေးမြန်း ခြိမ်းခြောက်ရိုက်နှက်ခြင်းများ လုပ်ဆောင်ခဲ့ပါသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သားများမှ လက်နက်ကြီး/ငယ်များ ပစ်ခတ်မှုသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဇွန်လ (၆ လ) အတွင်း ဝိုင်းမော်မြို့နှင့် မိုးမောက်မြို့တွင် ပြည်သူအများဆုံး ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခဲ့ရခြင်းကို တွေ့ရှိရပါသည်။

ဤလူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းသည် (၆) လအတွင်း အာဏာသိမ်းစစ်ကောင်စီမှ ပြည်သူလူထုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုကို အကျဉ်းချုပ် ဖော်ပြထားခြင်း ဖြစ်ပါသည်။ အစီရင်ခံစာတွင် ပါဝင်သည့် အချက်အလက်များသည် ကချင်ပြည်နယ်အခြေစိုက်သတင်းဌာနများနှင့် ပြည်သူလူထုများ ရရှိသောအချက်အလက်များကို မှတ်တမ်းပြုစုတင်ပြထားသော လူ့ခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာဖြစ်ပါသည်။
