KHRW

Kachin Human Rights Watch

ကချင်ပြည်နယ်တစ်ပြည်လုံး ဖုန်း၊ အင်တာနက်လိုင်းပြတ်တောက်မှုအပေါ် သဘောထားထုတ်ပြန်ချက်

Kachin Human Rights Watch

Date: July 27/ 2024

ကချင်ပြည်နယ်တစ်ပြည်လုံး ဖုန်း၊ အင်တာနက်လိုင်းပြတ်တောက်မှုအပေါ် သဘောထားထုတ်ပြန်ချက်


             စာ  အ  မှ   တ် ။          ။ ၀  ၀  ၄      ၂    ၀    ၂ / ၄
             ရက်စွဲ။   ။ ၂ ၇ ရက် နေ့ ၊ ဇူ လိုင် လ ၊ ၂ ၀ ၂ ၄ ခု နှစ်

အာဏာသိမ်းစစ်ကောင်စီသည် ကချင်ပြည်နယ်တစ်ပြည်လုံး ဖုန်း၊ အင်တာနက်လိုင်းပြတ်တောက်မှု ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့မှ ယနေ့အချိန်ထိ ပြတ်တောက်ထားပါသည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ အာဏာသိမ်းစစ်ကောင်စီမှ စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းမှစတင်၍  ကချင်ပြည်နယ်အတွင်း မကြာခဏ ဖုန်း၊ အင်တာနက်လိုင်းပြတ်တောက်မှု ပြုလုပ်ခဲ့သည်။ ထိုသို့ လုပ်ဆောင်မှုသည်  အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁၉)ကို တိုက်ရိုက်ချိုးဖောက် လိုက်ခြင်းဖြစ်ပါသည်။ အာဏာသိမ်း စစ်ကောင်စီမှ ကချင်ပြည်နယ်တစ်ပြည်လုံး ဖုန်း၊ အင်တာနက်လိုင်း ပြတ်တောက်လိုက်သည့်အပေါ် မိမိတို့ အဖွဲ့အစည်းမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချပါသည်။


ကချင်ပြည်နယ်တစ်ပြည်လုံး ရည်ရွယ်ချက်ရှိရှိ ဖုန်း၊ အင်တာနက်လိုင်း ပြတ်တောက်မှုသည် ပြည်သူလူထုများ အပေါ် သတင်းအမှောင်းချလိုက်သည့်အပြင် နိုင်ငံရေးမတည်ငြိမ်အောင် တိုက်ရိုက် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီသည် ကချင်ပြည်နယ်တစ်ပြည်လုံး  ဖုန်း၊ အင်တာနက်လိုင်း ပြတ်တောက်မှု ယနေ့ (၆) ရက်နေ့မြောက်အထိ ရှိလာခဲ့ပါသည်။ ဖုန်း၊ အင်တာနက်လိုင်း ပြတ်တောက်နေသည့် ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီမှ  ပြည်သူလူထုများ နေထိုင်သည့် ဒေသအတွင်း လက်နက်ကြီး/ငယ်များ ပစ်ခတ်ခြင်း၊ လူငယ်များကို မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်းနှင့်  အမျိုးသမီးများအပေါ် မတရားအနိုင်ကျင့်မှု  ပိုမိုလုပ်ဆောင်လာမည်ကို မိမိတို့ အဖွဲ့အစည်းမှ အထူးစိုးရိမ်ပါသည်။
ထို့ကြောင့် အာဏာသိမ်းစစ်ကောင်စီမှ ကချင်ပြည်နယ်တစ်ပြည်လုံး ဖုန်း၊ အင်တာနက် လိုင်းပြတ်တောက်မှုကို အမြန်ဆုံး ရပ်တန့်‌‌‌ပေးရန် မိမိတို့အဖွဲ့အစည်း “ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW)”မှ သ‌‌ဘောထားထုတ်ပြန်လိုက်ပါသည်။  



For more information please contact:
• Mr. Jacob (Kachin Human Rights Watch – KHRW), Signal no. (+91) 8178375228.

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links