Kachin Human Rights Watch – KHRW
June 14/ 2024
အာဏာသိမ်းစစ်ကောင်စီသည် ကချင်ပြည်နယ်အတွင်းရှိ မြို့၊ ကျေးရွာများ စသည့် ပြည်သူလူထုများနေထိုင်သည့် နေရာဒေသများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်လာနေပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ၊ (၁၄) ရက်နေ့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မုတ်ကျိတ်ကျေးရွာ (Muk Chyit)ရှိ မုတ်ကျိတ်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းဝန်းအနီးတွင် အာဏာသိမ်းစစ်ကောင်စီသည် တိုက်လေယာဉ်အသုံးပြု၍ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အဦများ ပျက်ဆီးခဲ့သည်။
.
