ဝိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာရှိ ခါနန်အသင်းတော် ဘုရားကျောင်းကို စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်ခြင်းအပေါ် ကန့်ကွက်ရှုံချကြောင်း သဘောထားထုတ်ပြန်ချက်
စာ အ မှ တ် ။ ။ ၀ ၀ ၃ / ၂ ၀ ၂ ၄
ရက်စွဲ။ ။ ၂၀၂၄ ခုနှစ်၊ ဇွန်လ၊ (၁၁) ရက်နေ့
၂၀၂၄ ခုနှစ်၊ ဇွန်လ၊ (၁၀) ရက်နေ့၊ မြန်မာစံတော်ချိန် ၃း၀၀ နာရီခန့်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာရှိ ခါနန်အသင်းတော် ဘုရားကျောင်းကို အာဏာသိမ်းစစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုသို့ အာဏာသိမ်းစစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဘာသာရေး ဘုရားကျောင်း အဆောက်အဦများ ပျက်ဆီးခဲ့သည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီသည် လက်နက်ကြီး/ငယ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦးပေါင်း (၁၀) ခု ပျက်ဆီးခဲ့၍၊ မတရားဖမ်းဆီးထောင်ဒဏ်ချခံရသူ ဘာသာရေးဆရာ (၂၈) ဦးအထိ မှတ်တမ်းကောက်ယူ ရရှိထားသည်။ အာဏာသိမ်းစစ်ကောင်စီသည် ရည်ရွယ်ချက်ရှိရှိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ဘာသာရေးဘုရားကျောင်း အဆောက်အဦများကို လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ဗုံးကြဲတိုက်ခိုက်နှင့် ဘာသာရေးဆရာများကို မတရားပုဒ်မတပ်၍ မတရားဖမ်းဆီးခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်း ပိုမို လုပ်ဆောင်လာသည်ကို တွေ့ရှိရသည်။
ထို့ကြောင့် အာဏာသိမ်းစစ်ကောင်စီ၏ ဘာသာရေးဘုရားကျောင်း အဆောက်အဦများကို ဗုံးကြဲတိုက်ခြင်းနှင့် ဘာသာရေးဆရာများကို မတရားဖမ်းဆီး မတရားပုဒ်မတပ်၍ ထောင်ဒဏ်ချမှတ်ခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်းကို “Kachin Human Rights Watch – KHRW” အဖွဲ့အစည်းမှ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါသည်။
For more information please contact:
• Mr. Jacob (Kachin Human Right Watch – KHRW), Signal no. (+91) 8178375228.