Kachin State, Momauk Township
Date: May 20/ 2024
KHRW
ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်မှ မေလ ၂၀ ရက်နေ့အတွင်းအရပ်သားပြည်သူလူထုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ပိုမိုဆိုးရွားလာပါသည်။ အကြမ်းဖက်စစ်ကောင်စီသည် လက်နက်ကြီး/ငယ်များ (တိုက်လေယာဉ်)ဖြင့် ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုများရှိသည် ဒေသများကို ပစ်ခတ်မှုကြောင့် ဘုရားကျောင်းများ ပျက်ဆီးခြင်း၊ လူနေအိမ်းများ ပျက်ဆီးခြင်း၊ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် မတရားဖမ်းဆီး သတ်ဖြတ်မှုများ စသည့် လူ့အခွင့်အရေးချိုးဖောက်ခံနေရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များသည် ရည်ရွည်ချက်ရှိရှိ ပြည်သူလူထုများကို မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်းနှင့် လေကြောင်းအသုံးပြု၍ တိုက်ခိုက်ခြင်း စသည်အချက်များသည် လူသားမျိုးနွယ်အပေါ် အကြမ်းဖက်မှုကြီးကြီးမာမာ ကျူးလွန်လိုက်ခြင်းဖြစ်သည်။

ထို့သို့ အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များသည် နိုင်ငံတကာစစ်ဥပဒေနှင့် လူ့အခွင့်အရေးဥပဒေများကို ချိုးဖောက်နေခြင်းဖြစ်သည်။ ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါသည်။










