၂၀၂၄ ခုနှစ်၊ မေလ၊ ၁၃ ရက်နေ့ ည ၈ နာရီခန့်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာ (Myothit) ဆေးရုံအနီးတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုသို့ အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူလူထုများနေသည့် ကျေးရွာအတွင်းသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် (၃) အိမ်ခန့် ပျက်ဆီးဆုံးရှုံးခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဧပြီလမှ စတင်၍ အကြမ်းဖက်စစ်ကောင်စီသည် မိုးမောက်မြို့နယ်အတွင်းရှိ ဒေသများကို တိုက်လေယာဉ်အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်နေပါသည်။ ထိုသို့ အကြမ်းဖက်စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုများသည် ထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးရခြင်းနှင့် လူနေအိမ်များ ပျက်ဆီးဆုံးရှုံးရခြင်း စသည့်လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်များကို စစ်ကောင်စီမှ ဆက်လက်ကျူးလွန်နေပါသည်။


Photos: Crd