KHRW

Kachin Human Rights Watch

မိုးမောက်မြို့တွင်း လူ့အခွင့်အရေးချိုးဖောက်မှုအ‌ပေါ် ကန့်ကွက်ရှုံ့သဘောထားထုတ်ပြန်ချက်

မိုးမောက်မြို့တွင်း လူ့အခွင့်အရေးချိုးဖောက်မှုအ‌ပေါ် ကန့်ကွက်ရှုံ့ံ့ သဘောထားထုတ်ပြန်ချက်

                                                                                                  စာ အ  မှ တ်  ။     ။ ၀  ၂   /    ၂  ၀   ၂   ၄

                                                                                                  ရက်စွဲ။  ။ (၂၆) ရက်နေ့၊ ဧပြီလ၊ ၂၀၂၄ ခုနှစ်

အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှ စတင်ပြီး  ကချင်ပြည်နယ်၊ မိုးမောက်မြို့ရှိ အရပ်သားပြည်သူထုများအ‌ပေါ် လူ့အခွင့်အရေးချိုးဖောက်နေပါသည်။

အကြမ်းဖက်စစ်ကောင်စီမှ စစ်တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်းနှင့် လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရှိခြင်းနှင့် သေဆုံးခြင်း၊ ဘာသာရေးအဆောင်အဦများ ပျက်စီးခြင်း၊ ခရီးသွားပြည်သူများကို မတရားဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်နေပါသည်။ ထိုသို့ လုပ်ရပ်သည် လူသားမျိုးနွယ်အပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေခြင်းဖြစ်သည်။

ထို့သို့ အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်ကို မိမိတို့အဖွဲ့အစည်းမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ပါသည်။  အကြမ်းဖက်စစ်စစ်ကောင်စီကို နိုင်ငံတကာ စစ်ရာဇဝတ်ခုံရုံးမှ အရေးယူဆောင်ရွက် ပေးပါရန် တောင်းဆိုလိုက်ပါသည်။

For more information please contact:

• Mr. Jacob (Kachin Human Right Watch – KHRW), Signal no. (+91) 8178375228.

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links