ယနေ့ (၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်) တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သားများသည် ပြည်သူလူထုများ၏ နေအိမ်များသို့ ဝင်ရောက်၍ အိမ်သုံးပစ္စည်းများကို မတရား ဝင်ရောက်ဖျက်ဆီးခြင်း၊ ခိုးယူသွားခြင်း စသည့် အကြမ်းဖက်သည့် လုပ်ရပ်များ ၄င်းမြို့တွင်း ပိုမိုလုပ်ဆောင်နေသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုများကို ခြိမ်းခြောက်ခြင်း၊ လက်နက်ကြီး/ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးရခြင်း ရှိနေပါသည်။
