KHRW

Kachin Human Rights Watch

အမည်မသိလက်နက်ကိုင် အဖွဲ့အစည်းမှ ဘာသာရေးဆရာခွန်ဂျော်လီကို လုပ်ကြံသတ်ဖြတ်ခြင်းအပေါ် သဘောထားထုတ်ပြန်ချက်


၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့ နေ့ခင်း ၂း၀၀ နာရီခန့် အချိန် ကချင်ပြည်နယ်၊ နမ္မတီးမြို့တွင် ဘာသာရေးဆရာခွန်ဂျော်လီကို အမည်မသိလက်နက်ကိုက်အဖွဲ့မှ သေနတ်ဖြင့် လုပ်ကြံသတ်ပစ်ခဲ့သည်။ ဆရာခွန်ဂျော်လီသည် နမ္မတီးနှစ်ခြင်းအသင်းတော် (KBC)တွင် တာဝန်ထမ်းဆောင်နေပါသည်။ ထို့အပြင် နမ္မတီးမြို့၏ ကချင်လူငယ်ခေါင်ဆောင် လူ့အခွင့်အရေးတွင် တက်ကြွလှုပ်ရှားသူဖြစ်ပါသည်။ ဆရာခွန်ဂျော်လီ သေဆုံးမှုအပေါ် မိမိတို့အဖွဲ့အစည်းမှ မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်း ကြေကွဲမိပါသည်။
ထို့ကြောင့် ဆရာခွန်ဂျော်လီကို အမည်မသိလက်နက်ကိုင် အဖွဲ့အစည်းမှ လုပ်ကြံ ပစ်သတ်ခြင်းအပေါ် မိမိတို့အဖွဲ့အစည်းမှ ကွန့်ကွက်ရှုံ့ချကြောင့် သဘောထား ထုတ်ပြန်လိုက်ပါသည်။




For more information please contact:
• Mr. Jacob (Kachin Human Rights Watch – KHRW), Signal no. (+91) 8178375228.

PDF file download: http://surl.li/rrcal

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links