KHRW

Kachin Human Rights Watch

တိုက်ပွဲအတွင်း ပြည်သူလူထုများ ပိတ်မိနေခြင်း

၂၀၂၄ ခုနှစ်၊ မတ်လ (၇) ရက်နေ့မှစ၍ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့- လိုင်ဇာမြို့ ကားလမ်းတစ်လျှောက် အာဏာသိမ်းစစ်ကောင်စီ ထိုးစစ်ဆင်၍ တိုက်ပွဲပိုမို ပြင်းထန်လျှက်ရှိပါသည်။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့- လိုင်ဇာမြို့ ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများဖြစ်သော ရွှေညောင်ပင်၊ ကဇူး၊ ဒဘတ်ယာန်၊ နမ့်ဆန်ယန်နှင့် အောင်မြေ (၁) ကျေးရွာ စသည့် ကျေးရွားများရှိ ပြည်သူလူထုများကို အာဏာသိမ်းစစ်ကောင်စီမှ အခြားနေရာသို့ ထွက်ခွင့်မပြုဘဲ ခြိမ်းခြောက်ခြင်း ပြုလုပ်နေပါသည်။ ပြည်သူလူထုများသည် အစားအသောက်၊ နေအိမ်အဆောင်များနှင့် ကျန်းမာရေး ကုသခွင့်များ မရရှိဘဲ တိုက်ပွဲအတွင်း ပိတ်မိနေပါသည်။ အာဏာသိမ်း စစ်ကောင်စီတပ်သည် ပြည်သူလူထုများ နေသည့် ကျေးရွာအတွင်း စစ်တိုက်လေယာဉ်ကိုအသုံးပြု၍ ဗုံးကျဲတိုက်ခိုက်၍ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်း၊ သေးဆုံးရခြင်းနှင့် လူနေအိမ်းများ ပျက်စီးရခြင်း စသည့် လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်ခံနေရပါသည်။ ပြည်သူလူထုများသည် မိမိအသက် လုံခြုံရေးအတွက် မည်သည့်နေရာမဆို သွားလာခွင့်၊ သိမ်းရှောင်ခွင့် ရှိပါသည်။ အာဏာသိမ်းစစ်ကောင်စီသည် ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုများကို တိုက်ပွဲအတွင်း ပိတ်ထားသည်မှာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ချိုး‌ဖောက်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာစစ်တရားခုံရုံးမှ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုလိုက်ပါသည်။

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links