KHRW

Kachin Human Rights Watch

စစ်ကောင်စီ ပစ်ခိုက်လိုက်သည့် လက်နက်ကြီးကြောင့် အသက် ၉၆ နှစ်ရှိ ဒေါ်မရန်ကော့ လက်နက်ထိမှန်၍ သေဆုံးရခြင်း

၂၀၂၄ ခုနှစ်၊ မတ်လ (၉) ရက်နေ့ မနက် (၆) နာရီခန့် အချိန်ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၂) ကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်များ ပျက်ဆီးခဲ့သည့်အပြင် အသက် ၉၆ နှစ်ရှိသော ဒေါ်မရန်ကော့သည် လက်နက်ထိမှန်၍ သေဆုံးခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီတပ်မှ ဝိုင်းမော်မြို့- လိုင်ဇာမြို့ ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများဖြစ်သော အောင်မြေ(၂)၊ ရွှေညောင်ပင် စသည့် ကျေးရွာများရှိ ပြည်သူလူထုများကို တိုက်ပွဲအတွင်း ထွက်ခွင့်မပြုဘဲ ဆက်လက် ပိတ်ထားလျှက်ရှိပါသည်။


KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links