KHRW

Kachin Human Rights Watch

အာဏာသိမ်း စစ်ကောင်စီတပ်မှ နန့်ယားကျေးရွာဒေသခံ (၁၀၀) ကျော် လူသားဒိုင်းအဖြစ် မတရား ဖမ်းဆီးခေါ်‌ဆောင်မှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံချခြင်း ‌သဘောထားထုတ်ပြန်ချက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့ အာဏာသိမ်း စစ်ကောင်စီတပ် တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၂ အဖွဲ့မှ ဒေသခံ (၁၀၀) ကျော် လူသားဒိုင်းအဖြစ် မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုသို့ စစ်ကောင်စီ၏ လုပ်ရပ်သည် နိုင်ငံတကာ လူ့အခွင့်အရေးများကို ထပ်မံချိုးဖောက်လိုက်ခြင်းဖြစ်သည်။ နိုင်ငံတကာအဖွဲ့အစည်းများမှ အာဏာသိမ်း စစ်ကောင်စီကို ပြင်းထန်စွာအရေးယူဆောင်ရွက်ပေးပါရန် ထပ်မံတောင်းဆိုလိုက်ပါသည်။ အာဏာသိမ်း စစ်ကောင်စီမှ မတရားဖမ်းဆီးထားသော အရပ်သားပြည်သူများကို အမြန်ဆုံလွတ်ပေးရန် တိုက်တွန်းလိုက်ပါသည်။
ထို့ကြောင့် အရပ်သားပြည်သူ (၁၀၀) ကျော်ကို လူသားဒိုင်းအဖြစ် မတရား ဖမ်းဆီးခေါ်ဆောင်မှုအပေါ် မိမိတို့ “Kachin Human Rights Watch – KHRW “ မှ အဖွဲ့မှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချပါသည်။



For more information please contact:
• Mr. Jacob (Kachin Human Right Watch – KHRW), Signal no. (+91) 8178375228.

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links