ထုတ်ပြန်ချက်
စာ အ မှ တ် ၆ / ၂ ၀ ၂ ၃
မေလ ၂ ရက် နေ့၊ ၂ ၀ ၂ ၃ ခုနှစ်
(၁) အကြမ်းဖက်စစ်ကောင်စီအုပ်ချုပ်သည့် (၂) နှစ်ခန့် အချိန်တွင် ပြည်သူလူထု၏ ထောက်ခံမှု ကျဆင်းလာပြီး အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ကာ ပြည်သူလူထုများကို မတရားဖမ်းဆီးခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်း၊ အရပ်သားများကို ပစ်မှတ်ထား လက်နက်ကြီးငယ်ဖြင့် ပစ်ခတ်ခြင်းနှင့် အမျိုးသမီးများ၏ အခွင့်အရေးများ ချိုးဖောက်ခြင်း စသည့်အချက်များကို လုပ်ဆောင်ခြင်းဖြင့် ပြည်သူများကို ခြိမ်းခြောက်ပြီး အုပ်ချုပ်နေပါသည်။
(၂) ဤသို့ အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုဖြင့် အုပ်နေမှုသည် စစ်ရာဇဝတ်မြောက်သော လုပ်ရပ်များ ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများကို ဆက်လက်ပြီး အကြမ်းဖက် စစ်အာဏာရှင်စနစ်ဖြင့် ကြိုးကိုင်ပံ့ပိုးပေးနေသော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးပါရန် တိုက်တွန်းလိုက်ပါသည်။
(၃) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဧပြီလအတွင်း အရပ်သားပြည်သူများကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခြင်း ပိုမိုလုပ်ဆောင်လာပါသည်။ ကချင်ပြည်နယ်တွင် ဧပြီလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးမှု (၃၇၃) ဦးခန့် ရှိပါသည်။ အကြမ်းဖက် စစ်ကောင်စီအဖွဲ့မှ ပြည်သူလူထုများကို မတရားဖမ်းဆီးခြင်း၊ လူသားဒိုင်းအဖြစ် အဓမ္မဖမ်းဆီး ခေါ်ဆောင်ခြင်းများကို မိမိတို့အဖွဲ့အစည်းမှ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချလိုက်ပါသည်။
For more information please contact:
• Mr. Jacob (Kachin Human Right Watch – KHRW), Signal no. +918178375228.
