စာ အ မှ တ် ၄ / ၂ ၀ ၂ ၃
ဧပြီလ ၈ ရက် နေ့၊ ၂ ၀ ၂ ၃ ခုနှစ်
အကြမ်းဖက်စစ်ကောင်စီအုပ်စုသည် Rev. Dr. Hkalam Samson ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ဆေးကုသမှုခံယူရန် သွားစဉ် မန္တလေး လေဆိပ်တွင် မတရားဖမ်းဆီးခဲ့ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးသူအောင်ဇော်ကနေ တရားလိုပြုလုပ်ပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ ပုဒ်မ ၅၀၅ (က) နှင့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) တို့ဖြင့် တရားစွဲဆိုခဲ့သည်။ ထိုသို့ဖမ်းဆီးခဲ့သည့် ရက်ပေါင်း (၁၂၄) ရက်အကြာ Rev. Dr. Hkalam Samson ကို မြစ်ကြီးနားတရားရုံးမှ ထောင်ဒဏ် (၆) နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့ Rev. Dr. Hkalam Samson ကို မတရားဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်ချမှတ်မှုပေါ် မိမိတို့အဖွဲ့အစည်းမှ ပြင်ထန်စွာကန့်ကွက်ရှုံ့ချပါသည်။
အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်ပြီး အရပ်သားပြည်သူများကို မတရား ဖမ်းဆီးခြင်း၊ ရိုက်နှိပ်ခြင်းနှင့် ထောင်ဒဏ်ချခြင်းသည် ပြည်သူလူထုများ လိုလာသည့် ဖက်ဒရယ်ဒီမိုကရေးစီကို ဦးမတည်ဘဲ ပြည်တွင်းပဠိပက္ခကို ပိုမိုလုပ်ဆောင်နေပြီး လူ့အခွင့်အရေးကို ပေါ်ပေါ်တင်တင်ချိုးဖောက်နေသည်။
ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အကြမ်းဖက်စစ်ကောင်စီအုပ်စုကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးပါရန်နှင့် မတရားဖမ်းဆီး ထောင်ဒဏ်ချခံရသော Rev. Dr. Hkalam Samson နှင့်အတူ မတရားဖမ်းဆီးခံနေရသော နိုင်ငံရေးအကျင်းသားများအား အမြန်ဆုံး ခြွင်းချက်မရှိ လွတ်ပေးပါရန်နှင့် Rev. Dr. Hkalam Samson ကို မတရားထောင်ချမှတ်မှုအပေါ် မိမိတို့အဖွဲ့အစည်းမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချကြောင့် သဘောထားထုတ်ပြန်လိုက်ပါသည်။

For more information please contact:
• Mr. Jacob (Kachin Human Right Watch – KHRW), Signal no. (+91) 8178375228.