စာ အ မှ တ် ၅ / ၂ ၀ ၂ ၃
ဧပြီလ ၁၁ ရက် နေ့၊ ၂ ၀ ၂ ၃ ခုနှစ်
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့် အချိန်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ ပါဝင်တတ်ရောက်နေသည့် ကျောင်းသူ/သားများနှင့် ပြည်သူများ တတ်ရောက်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပြီး ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ ထိုနေရာတွင် လက်နက်ကြီး ကျရောက်မှုကြောင့် ကျောင်းသူ/သားများနှင့် ပြည်သူ (၁၀၀) ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင့် သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်၊ မတ်လမှ စတင်၍ လေကြာင်းအသုံးပြုမှုသည် ပိုမိုအသုံးပြုလာပြီး အရပ်သားပြည်သူများ သေဆုံးမှု ပိုမိုများပြားလာသည်။ အကြမ်းဖက် စစ်ကောင်စီသည် နေ့စဉ်နှင့်အမျှ စစ်ရာဇဝတ်မှုကျူးလွန်နေသည်။ ဤကဲ့သို့ စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာ တရားခုံရုံးမှ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုလိုက်ပါသည်။ အကြမ်းဖက် စစ်ကောင်စီတပ်သည် ကျောင်းသူ/သားများနှင့် အရပ်သားပြည်သူများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကို မိမိတို့အဖွဲ့အစည်းမှ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချကြောင်း သဘောထားထုတ်ပြန်လိုက်သည်။
For more information please contact:
• Mr. Jacob (Kachin Human Right Watch – KHRW), Signal no. (+91) 8178375228.