၂၀၂၃ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျေးရွာ(၃) ရွာကို အကြမ်းဖက်စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် အရပ်သားပြည်သူများ နေအိမ်များ ဖျက်ဆီးဆုံးရှုံး ခံရခဲ့သည်။ ၎င်း မီးရှို့ဖျက်ဆီးခံရသော ကျေးရွာများမှာ စီမူလေး၊ စီမူကြီးနှင့် စီသာကျေးရွာများတို့ဖြစ်သည်။ ပြည်သူလူထုများ၏ နေအိမ်းအားလုံး မီးလောင်ပျက်ဆီးသွားသဖြင့် အခက်အခဲများဖြစ်နေပြီး အကူအညီလိုအပ် နေပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးငယ်များအသုံးပြုပြီး အရပ်သားပြည်သူများကို ပစ်မှတ်ထားပစ်ခတ်မှုကို ရပ်တန့်ရန်တိုက်တွန်းလိုက်ပါသည်။
