ထုတ်ပြန်ချက်
စာ အ မှ တ် ၂ / ၂ ၀ ၂ ၃
မတ်လ ၁၀ ရက်နေ့၊ ၂ ၀ ၂ ၃ ခုနှစ်
မတရားအာဏာသိမ်းစစ်ကောင်စီ (၂) နှစ်ကျော်လာတဲ့အချိန်မှ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အရပ်သားပြည်သူလူထုအများအပြားဖမ်းဆီးခံနေရပါသည်။ ၂၀၂၃ ခုနှစ်ခု၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလ (၂)လ အတွင်း ကချင်ပြည်နယ် ခိုင်မာသည့် သတင်းဌာနအရ စုစုပေါင်း ဖမ်းဆီးခံရသူ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်ကို တွေ့ရှိပြီး မြေပြင်တွင် ဖမ်းဆီးခံရသူ ပိုမိုဖမ်းဆီးခံနေပါသည်။ ယနေ့အချိန်ထိ မတရားဖမ်းဆီးခံရသူများကို မတရားအာဏာသိမ်း စစ်ကောင်စီဘက်မှ ပြန်လည်း လွတ်မြောက်ပေးခြင်း မရှိသည်ကို တွေ့ရသည်။ စားနပ်ရိက္ခာနှင့် စက်သုံးဆီး သယ်ယူပို့ဆောင်ရန် တားဆီးပိတ်ပင်ခြင်းကြောင့် ပြည်သူထူထုများ အခက်အခဲကြုံနေရသည် သာမက ၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့မှ ဖားကန့်မြို့အတွင်း ယနေ့အချိန်ထိ အင်တာနက်ဖြတ်တောက်ခြင်း ခံနေရပါသည်။ ဤသို့ အကြမ်းဖက်စစ်ကောင်စီမှ အရပ်သားပြည်သူများ၏ အခြေခံလူ့အခွင့်အရေး ဆက်လက်ချိုးဖောက် နေသည်။
ထို့ကြောင့် မိမိတို့အဖွဲ့အစည်းမှ အောက်ပါအချက်များအတိုင်း ထုတ်ပြန်လိုက်ပါသည်။
(၁) မတရားအာဏာသိမ်း စစ်ကောင်စီမှ ဖမ်းဆီးချုပ်နှောင်ထားသော အရပ်သားပြည်သူများကို အမြန်ဆုံး ခြွင်းချက်မရှိ လွတ်မြောက်ပေးပါရန်။
(၂) အရပ်သားပြည်သူများကို မတရားဖမ်းဆီးခြင်း အကြမ်းဖက်စစ်ကောင်စီမှ ချက်ချင်း ရပ်တန့်ပေးပါရန်။
(၃) နိုင်ငံတကာအဖွဲ့အစည်းများမှ အကြမ်းဖက်စစ်ကောင်စီကို ပိုမိုအလေးထား အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် “KHRW”မှ ထပ်မံတောင်းဆိုလိုက်ပါသည်။
For more information please contact:
• Mr. Jacob (Kachin Human Right Watch – KHRW), Signal no. (+91) 8178375228.
