အရပ်သားပြည်သူ (၉) ဦးကို သတ်ဖြတ်မှုအပေါ်
သဘောထားထုတ်ပြန်ချက်
စာ အ မှ တ် ၁ / ၂ ၀ ၂ ၃
မတ်လ ၁ ရက် နေ့၊ ၂ ၀ ၂ ၃ ခုနှစ်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု၊ မဂေါင်းတောင်ကျေးရွာတွင် အပြစ်မဲ့ပြည်သူ (၉) ဦးကို ကချင်လွတ်မြောက်ရေးတပ်(KIA) တပ်မဟာ (၂)၊ တပ်ရင်း (၂၀) ဧရိယာအတွင်း ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ၄င်းပြည်သူ (၉) ဦးကို မတရားသတ်ဖြတ်ခဲ့သည်။ ၄င်းသေဆုံးသူများတွင် အမျိုးသား (၇) ဦးနှင့် အမျိုးသမီး (၂) ဦးဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၃)နှင့် အပိုဒ် (၅) တွင် လူတိုင်း၌ အသက်ရှင်လွတ်လပ်ခွင့်၊ မည်သူကိုမျှ ညှိဉ်းပန်း နှိပ်စက်ခြင်း အစရှိသည့် ပြည်သူများ၏ အခွင့်အရေးများကို ကြေညာထားပါသည်။ နိုင်ငံတကာဥပဒေများကို လေးစားတန်ဖိုး လိုက်နားရန်လိုအပ်မည်ဖြစ်သည်။
ကချင်လွတ်မြောက်ရေးတပ်မှ ၄င်းအမှုမှန်ပေါ်ပေါက်ရေးကော်မရှင်ကို အဖွဲ့ဝင် ၂၇ ဦး ဖြင့်ဖွဲ့စည်းထားသည်ကို သိရှိရသည်။ အပြစ်မဲ့ပြည်သူ (၉) ဦးသေဆုံးမှုကို အမှန်တရားအမြန်ဆုံးရရှိရန် အောက်ပါအတိုင်း “KHRW” ၏ သဘောထားထုတ်ပြန်လိုက်ပါသည်။
(၁) အမှုမှန်ပေါ်ပေါက်လာရေးအတွက် ကော်မရှင်မှ မတရားသေဆုံးသွားသော အပြစ်မဲ့ပြည်သူ (၉) ဦး၏ အမှန်တရားကို တိတိကျကျ အမြန်ဆုံးဖော်ဆောင်ရန်။
(၂) ကျန်ရစ်သော မိသားဝင်များကို ပြန်လည်ကူစာရေး ဥပဒေနှင့်အညီ လုပ်ဆောင်ပေရန်းနှင့် အပြစ်ကျူးလွန်းသော သူများကို အပြစ်ပေးအရေးယူဆောင်ရွက်ပေးရန်။
(၃) ၄င်းဖြစ်ရပ်လိုမျိုး နောက်နောင်တွင် ထပ်မံမဖြစ်ပွားအောင်နှင့် အပြည်ပြည်ဆိုင်ရာ အခြေခံ လူ့အခွင့်အရေးကို လေးစားလိုက်နားရန် မိမိတို့အဖွဲ့အစည်းမှ တောင်းဆိုလိုက်ပါသည်။
For more information please contact:
• Mr. Jacob (Kachin Human Right Watch – KHRW) khrw.721@gmail.com, Signal No. (+91) 8178375228 https://kachinhumanrightswatch.com/
