KHRW

Kachin Human Rights Watch

ဖားကန့်မြို့၊ ‌မှော်စီဆာရပ်ကွက်တွင် ကွန်ပျူတာသင်ကြား‌ရေးစင်တာကို မတရားဖျက်ဆီးခြင်းအပေါ် သဘောထားထုတ်ပြန်ချက်


စာ အ မှ တ် ၃ / ၂ ၀ ၂ ၃
မတ်လ ၂၀ ရက်နေ့၊ ၂ ၀ ၂ ၃ ခုနှစ်

၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ ဖားကန့်မြို့၊ မှော်စီဆာရပ်ကွက်တွင် ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေရှင်း (Wunpawng Amyusha Zinlum Hpung) မှ ဆောက်လုပ်ထားသော အမျိုးသမီးစွမ်းရည်မြင့် အလုပ်ရုံကို မတ်လ ၁၈ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ၄င်းနေရာကို မတရားဖျက်ဆီးခဲ့သည်။ ထို့အပြင် အရပ်သား ပြည်သူ (၂) ဦးကို အကြမ်းဖက်စစ်ကောင်စီမှ ထိုနေရာတွင် မတရား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ဆောင်မှုသည် ပြည်သူလူထုများ၏ လွတ်လပ်စွာ ပညာသင်ကြားပိုင်ခွင့်ကို ဟန့်တားပိတ်ပြင်လာခြင်းဖြစ်သည်။


အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်သည် လူ့အခွင့်အရေးကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ ချိုးဖောက်နေပါသည်။ နိုင်ငံတကာ အစိုးရများအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုနေသည့် အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေး၊ နိုင်ငံရေးတို့ကို ပိုမိုပိတ်ဆို့ အရေးယူဆောင်ရွက်ပါရန် တောင်းဆိုလိုက်သည်။
ထို့ကြောင့် မိမိတို့ အဖွဲ့အစည်းမှ အကြမ်းဖက်စစ်‌ကောင်စီမှ ပြည်သူလူထုများကို မတရားဖမ်းဆီးခြင်းမှ ချက်ခြင်းရပ်တန့်ပေးရန်၊ မတရားဖမ်းဆီးထားသော ပြည်သူများကို ခြွင်းချက်မရှိ အမြန်ဆုံလွတ်ပေးရန်နှင့် ပြည်သူလူထုများ၏ ပညာရေးအခွင့်အလမ်းကို ပိတ်ပြင်တားဆီးခြင်းမှုကို မိမိတို့အဖွဲ့အစည်းမှ ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုံ့ချလိုက်ပါသည်။


For more information please contact:
• Mr. Jacob (Kachin Human Right Watch – KHRW), Signal no. (+91) 8178375228.

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links