Kachin Human Rights Watch – KHRW
Dec 30/ 2022
အကြမ်းဖက်စစ်ကောင်စီအုပ်စုသည် Rev. Dr. Hkalam Samson ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့မှ ယနေ့အချိန်ဆိုရင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည်မှာ ရက်ပေါင်း ၂၄ ရက်အထိ ရောက်ရှိလာပြီဖြစ်ပါသည်။ အကြမ်းဖက်စစ်ကောင်စီမှ ရက်ပေါင်း ၂၄ ရက်အကြာထိ စစ်ကြောရေးတွင် မတရားဖမ်းဆီးထားပြီးနောက် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် Rev. Dr. Hkalam Samson ကို တိုက်ဖျက်ရေးဥပဒေပုဒ်မမ ၁၇ (၁) ဖြင့် အမှုဖွင့်ထားခံရပြီး မြစ်ကြီးနား အကျဉ်းထောင်သို့ ပို့လိုက်သည်ကို သိရှိရပါသည်။ Rev. Dr. Hkalam Samson သည် ကချင်တစ်မျိုးသားလုံး လေးစားသည် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ အကြမ်းဖက်စစ်ကောင်စီအုပ်စုမှ ၄င်းလုပ်ရပ်ပြုလုပ်ခြင်းဖြင့် ကချင်တစ်မျိုးသားလုံးကို စော်ကားလိုက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ဦးမတည်ဘဲ ပြည်တွင်း ငြိမ်းချမ်းရေး ပိုမိုဆိုးရွား လာနိုင်မည်ဟု သုံးသပ်ပါသည်။ ထို့ကြောင့် မိမိတို့အဖွဲ့အစည်းမှ Rev. Dr. Hkalam Samson ကို မတရားအမှုဖွင့်ထားမှုအပေါ် အောက်ပါအတိုင်း သဘောထား ထုတ်ပြန်လိုက်ပါသည်။
(၁) အကြမ်းဖက်စစ်ကောင်စီမှ Rev. Dr. Hkalam Samson ကို မတရားအမှုဖွင့်ထားမှုအပေါ် မိမိတို့အဖွဲ့အစည်းမှ အပြင်းအထန်ကန့်ကွက်ရှုံ့ချလိုက်ပါသည်။
(၂) Rev. Dr. Hkalam Samson ကို မတရားဖမ်းဆီးချုပ်နှောင်ထားမှုမှ ခြွင်းချက်မရှိ အမြန်ဆုံလွတ်ပေးပါရန်။
(၃) နိုင်ငံတကာအဖွဲ့အစည်းများမှ အကြမ်းဖက်စစ်ကောင်စီအုပ်စုကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးပါရန် မိမိတို့အဖွဲ့အစည်းမှ ထပ်မံတောင်းဆိုလိုက်ပါသည်။
Website read more : http://surl.li/dzxzh
You can join the Facebook group: ( https://www.facebook.com/groups/400550175011839/ )
#KHRW
