အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံကိုမတရားအာဏာသိမ်းခဲ့သည်မှာ (၁) နှစ်နှင့် ၉ လကျော်ခဲ့ပြီး အာဏာသိမ်းအချိန်ကာလအတွင်း နိုင်ငံရေးတတ်ကြွလှုပ်ရှားသူများနှင့် ခေါင်းဆောင်များ၊ အရပ်သားပြည်သူ လူထုများနှင့် သတင်းသမားများကို မတရားဖမ်းဆီးချုပ်နှောင်ခဲ့သည်။ အကြမ်ဆက်စစ်ကောင်စီသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများအချို့ ပြန်လည်လွှတ်ပေးခဲ့သည်ကို တွေ့ရသည်။ အကြမ်းဖက်စစ်ကောင်စီမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၅၀၉၈) ဦးနှင့် အကျဉ်းသူ (၆၇၆) ဦး စုစုပေါင်း (၅၇၇၄) ဦးအား လွှတ်ငြိမ်းခွင့်ပြုခဲ့သည်ကို သိရသည်။ ထိုလွှတ်မြောက်ရာမှ ကချင်ပြည်နယ်အတွင်း လွှတ်မြောက်လာသူ စုစုပေါင်း ၈၉ ဦး လွှတ်မြောက်ပေးသော်လည်း နိုင်ငံရေးအကျဉ်းသား ၁၈ ဦးသာ ပါဝင်ကြောင်းသိရပြီး တစ်နိုင်ငံလုံး အတိုင်းအတားဖြင့် နိုင်ငံရေးအကျဉ်းသား (၅၃) ဦးပါဝင်ကြောင့် သိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုများကို မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ သတင်းလွှတ်လပ်မှုကို ပိတ်ပင်ခြင်း၊ နေအိမ်များနှင့် ဘုရားကျောင်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူလူထုများ၏ ပစ္စည်းများကို ခိုးယူမှုများနှင့် ပြည်သူလူထုများ၏ သွားလာမှုကို ပိတ်ပင်ခြင်းများ ဆက်လက်ပြုလုပ်နေသည်ကို တွေ့ရှိရသည်။ ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတကား လူ့အခွင့်အရေးများကို လေးစားမှု မရှိပြီး ဆက်လက်ပြီး စစ်ရာဇဝတ်မှုချိုးဖောက်နေသည်ကို တွေ့ရှိရသည်။ အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံရေး အကျဉ်သားလွှတ်ပေးမှုသည် နိုင်ငံတကာဖိအားနှင့် ပြည်တွင်းဖိအား လျော့ချရန် လုပ်ဆောင်မှုသာဖြစ်နေပါသည်။ ထိုသို့ ဖိအားလျှော့ချရန် လုပ်ဆောင်နေမှုသည် နိုင်ငံရေးထွက်ပေါက် တစ်ခုဖြစ်ပြီး ပြည်သူလူထုများကို ဆက်လက် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ရန် ကြိုးစားနေသည်ကို တွေ့ရသည်။
ထို့ကြောင့် နိုင်ငံတကားအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုများ ဆက်လက်ပြီး တိုင်းရင်းသားပြည်သူများ တောင်းဆိုနေသည့် ဖက်ဒရယ်ဒီမိုကရေး ပြည်ထောင်စုရရှိရေး၊ လူ့အခွင့်အရေး အပြည့်အဝရရှိရေး၊ အကြမ်းဖက်စစ်ကောင်စီ ကျရှုံးရေးအတွက် မျက်ခြေမပတ် အာဏာရှင်စနစ် အမြစ်ပြတ်သည့်အထိ တိုင်းရင်းသားမဟာမိတ်များနှင့်အတူ ဆက်လက်လိုက်တိုက်ပွဲဝင်ကြရန် တိုက်တွန်း လိုက်ပါသည်။
For more information please contact:
• Mr. Jacob (Kachin Human Right Watch – KHRW) khrw.721@gmail.com, Tel: (+91) 8178375228.
https://kachinhumanrightswatch.com/
