kachin human rights watch
August 8, 2022
တစ်ပါတီအာဏာရှင်စနစ်ဖြုတ်ချရေး၊ ဒီမိုကရေစီထွန်းကားရေးနှင့် ကြားဖြတ်အစိုး ရရှိရေးအတွက် သမိုင်းဝင်တိုက်ပွဲဝင်ခဲ့သည့်နေ့ ၈ လေးလုံး ပြည်သူလူထုအရေးတော်ပုံကြီးသည် ယနေ့ (၃၄) နှစ် တိုင်ခဲ့ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက် ဖိနှိပ်မှုပုံစံ နည်းလမ်း မျိုးစုံဖြင့် ကြိုးစားနေသည့် စစ်ကောင်စီကို ကျောင်းသားလူငယ်များသာမက မိဘပြည်သူတစ်ရပ်လုံး တိုက်ပွဲဝင် အသက်စွန့်ခဲ့သည့် နေ့တစ်နေ့ဖြစ်ပါသည်။ ဒီမိုကရေစီရရှိရေး အတွက် ပါဝင်ခဲ့သော ရဲဘော်များနှင့် အသက်ပေးခဲ့သည့် ရဲဘော်များအားလုံးကို ဦးစွာဂုဏ်ပြု လိုက်ပါသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီသည် မြန်မာနိုင်ငံ၏ အာဏာကို မတရားအာဏာသိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် နိုင်ငံရေးလမ်းကြောင်းဖြင့် ဆွေးနွေးနေခြင်းအပေါ် အတုအယောင်ဆောင် ပြုလုပ်နေသည်ကို ပြောင်ပြောင်တင်းတင်း မြင်နေရပါသည်။ စစ်ကောင်စီသည် ပြည်သူလူထုများကို မတရား ဖမ်းဆီးခြင်း၊ သေဒဏ်ချမှတ်ခြင်း၊ အကြောင်းအမျိုးမျိုးပြပြီး ရိုက်နှိက်ခြင်းများ ပြုလုပ်နေခြင်း နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကို လေးစားမှုမရှိသည့်အပြင် အတိအလင်းချိုးဖောက်နေသည်။
တိုင်းရင်းသားများ လိုလားနေသည့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ကျောင်းသား လူငယ်များနှင့် ပြည်သူလူထုများအားလုံး ဆက်လက်ပြီး အာဏာရှင်စနစ်ကျဆုံးရေးအတွက် တွန်းလှန်းသွားကြရန် တိုက်တွန်းလိုက်ပါသည်။ ထို့အပြင် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) အဖွဲ့အစည်းများသည်လည်း မြန်မာနိုင်ငံပြည်သူများနှင့်အတူ ဆက်လက်ပြီး ကူညီထောက်ပံ့ပေးရန် တောင်းဆိုလိုက်ပါသည်။
Website read more : http://surl.li/cnqcu
Please download pdf file: http://surl.li/cpukf
#KHRW Facebook group: ( https://www.facebook.com/groups/400550175011839/ )
#KHRW • #ထုတ်ပြန်ချက် • #8888
