KHRW

Kachin Human Rights Watch

စစ်ကောင်စီမှ ရဝမ်လူငယ်အသင်းဥက္ကဌ ဦးဖုန်ရော့ဖိနန်ကို ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ တရားရုံးမှ<br>ထောင်ဒဏ် (၁၀) နှစ် ချမှတ်မှုအပေါ် သဘောထုတ်ပြန်ချက်

စစ်ကောင်စီမှ ရဝမ်လူငယ်အသင်းဥက္ကဌ ဦးဖုန်ရော့ဖိနန်ကို ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ တရားရုံးမှ
ထောင်ဒဏ် (၁၀) နှစ် ချမှတ်မှုအပေါ် သဘောထုတ်ပြန်ချက်

စာ အ မှ တ် ၃/ ၂ ၀ ၂ ၂
ဇူလိုင်လ ၃ ရက်၊ ၂၀၂၂ ခုနှစ်

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရဝမ်လူငယ်အသင်းဥက္ကဌ ဦးဖုန်ရော့ဖိနန်ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့ ည (၁၀) နာရီတွင် သူ၏ နေအိမ်တွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ စစ်ကောင်စီသည် ကိုဖီနန်ကို (၃) လခန့် စစ်ကျောရေးတွင် လူ့ဂုဏ်သိက္ခာနှင့် မလျော်ညီစွာ ညှဉ်းပန်းနှိပ်စက်မှုများနှင့် လူမဆန်စွာ ရိုက်နှက်စစ်ဆေးမေးမြန်းမှုများ ခံခဲ့ရသည်။
ထို့နောက် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့တွင် စစ်ကောင်စီသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် ပူတာအို (၄၆) စစ်တပ်မှ တရားလိုပြုပြီး ပူတာအိုခရိုင် တရားရုံးမှ ကိုဖိနန်ကို ထောင်ဒဏ် (၁၀) နှစ် ချမှတ် ခံခဲ့ရသည်။ ယခုကဲ့သို့ ပူတာအိုခရိုင်၊ တရားရုံးမှ ထောင်ဒဏ် (၁၀) နှစ် ချမှတ်မှုကို မိမိတို့ “ကချင်လူ့အခွင့်အ‌ရေးစောင့်ကြည့်ရေးအဖွဲ့ “မှ ရှုံ့ချလိုက်ပါသည်။
စစ်ကောင်စီ၏ လုပ်ရပ်သည် အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ မညီ ပြည်သူများကို မတရားဖမ်းဆီးမှု၊ ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်မှု၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုများ နှင့် အကြမ်းဖက်မှုများဆက်လက် ပြုလုပ်နေပြီး ပြည်သူများကို မတရားထောင်ဒဏ် ချမှတ်နေသည်ကို တွေ့မြင်နေရပါသည်။ စစ်ကောင်စီမှ ရဝမ်လူငယ်အသင်း ဥက္ကဌ ဦးဖုန်ရော့ဖိနန်ကို မတရားထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံရမှုအပေါ် ခြွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးပါရန် “ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW)” တိုက်တွန်းလိုက်ပါသည်။

ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)

Download file : https://bit.ly/3R8MuZR

အောက်ပါ KHRW Facebook Group ကိုလည်း join လုပ်ထားနိုင်ပါသည်။ 👉 ( https://www.facebook.com/groups/400550175011839/?ref=share_group_link )
#KHRW

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links