KHRW

Kachin Human Rights Watch

“ကချင်လူ့အခွင်အရေးစောင့်ကြည့်ရေးအဖွဲ့ ” ဖွဲ့စည်းတည်ထောင်ခြင်း (၁) နှစ်ပြည့်နေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်


စာ အ မှ တ် ၄ / ၂ ၀ ၂ ၂
ဇူလိုင်လ ၈ ရက်၊ ၂၀၂၂ ခုနှစ်
ယနေ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့သည် “ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့” ကို ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ “KHRW” သည် တစ်နှစ်တာကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း၊ ထုတ်ဖော်ခြင်း၊ နိုင်ငံတကာလူ့အခွင့်အရေး စွမ်းရည် မြင့်တင်သင်တန်းများ ပြုလုပ်နိုင်ခဲ့သည်။ “KHRW” နဲ့ ရပ်တည်ချက်တူညီစွာ အတူတကွပူးပေါင်းလုပ်ဆောင် နေသည့် အဖွဲ့အစည်းများနှင့် ရဲဘော်များကို ဦးညွတ်အလေးပြုအပ်ပါသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့မှ နိုင်ငံတော်အာဏာကို မတရားအာဏာလုယူခဲ့ပြီး ပြည်သူများအပေါ် မတရားဖမ်းဆီးခြင်း၊ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခြင်း၊ သေဒဏ်များ ချမှတ်ခြင်း၊ ပြည်သူများ၏ အိုးအိမ်များကို မီးရှုံ့ပျက်စီးခြင်း၊ ပြည်သူများနေထိုင်သည့် ကျေးလတ်ဒေသအတွင်း လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခြင်း၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ကလေးသူငယ်များအပေါ် ရက်စက်ယုတ်မာစွာ လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့် နိုင်ငံတကား လူ့အခွင့်အရေးဥပဒေများကို ဆက်လက်ကျူးလွန်ကာ ချိုးဖောက်ဖျက်ဆီးလျက် ရှိနေဆဲ ဖြစ်ပါသည်။ ထိုသို့ ပြည်သူများအပေါ် လူ့ဂုဏ်သိက္ခာနှင့် မလျော်ညီစွာ လူ့အခွင့်အရေးကို နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်နေသည့် စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) တရားရုံးသို့ အမြန်ဆုံးလွှဲပြောင်း နိုင်ရန် “KHRW” မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။


“KHRW” တစ်နှစ်ပြည့်အပေါ် အောက်ပါအတိုင်း သဘောထားထုတ်ပြန်လိုက်ပါသည်။


(၁) စစ်ကောင်စီမှ ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေသည့် အချက်အလက်များကို ပြည်တွင်း၊ ပြည်ပသို့ ဆက်လက်ထုတ်ဖော်ခြင်းများ လုပ်ဆောင်သွားမည်။
(၂) ပြည်သူလူထုများအကြား လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကာကွယ်တားဆီးနိုင်ရန်အတွက် လူ့အခွင့်အရေးဆိုင်ရာ စွမ်းရည်မြှင့်တင် ခြင်းများကို ဆက်လက်လုပ်ဆောင်သွားမည်။
(၃) ဘုံရည်မှန်းချက်တူညီးသော လူ့အခွင့်အရေးလှုပ်ရှာနေသည့် ပြည်တွင်း ပြည်ပရှိ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် အတူလက်တွဲ၍ စဉ်ဆက်မပြတ် နိုင်ငံတကာလူ့အခွင့်ဥပဒေများကို လေးစား တန်ဖိုးထားအရေး ရရှိအောင် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links