KHRW

Kachin Human Rights Watch

ကချင်ဒေသတကျော့ပြန်စစ်ပွဲဖြစ် (၁၁) နှစ်ပြည့်အပေါ် သဘောထားထုတ်ပြန်ချက် June (9)

ကချင်ဒေသတကျော့ပြန်စစ်ပွဲဖြစ် (၁၁) နှစ်ပြည့်အပေါ် သဘောထားထုတ်ပြန်ချက်
ရက်စွဲ။ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၉) ရက်
ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနစ်၊ ဇွန်လ (၉) ရက်နေ့မှ စတင်ပြီး မြန်မာ့တပ်မတော်၏ ပြင်းထန်သော ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ကချင်ဒေသအသီးသီးရှိ ပြည်သူများသည် အိုးမဲ့၊ အိမ်မဲ့များဖြစ်ကာ စစ်ဘေးဒဏ်ခံရသည်မှာ (၁၁)နှစ်တိုင်တိုင် ရောက်ရှိနေပြီဖြစ်သည်။ ထို့အပြင် ၂၀၂၁ ခုနစ်၊ ဖေဖော်ဝါရီ (၁) ရက် နေ့တွင် မတရားအာဏာသိမ်းသော စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာ အနေနှင့်လည်း နိုင်ငံတော် အာဏာကို ထိန်းချုပ်လိုက်သောကြောင့် ကချင်ပြည်နယ်တွင် သာမက နိုင်ငံအတွင်း နေရာဒေသ အနှံ့အပြားတွင် စစ်ပွဲအရှိန်အဟုန် ပိုမိုပြင်းထန်လာခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခတ်ခြင်း၊ အပြစ်မဲ့ ပြည်သူများ၏ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း စသည်တို့ကြောင့် စစ်ဘေးရှောင်ပြည်သူများ နေ့စဉ်နှင့်အမျှ ပိုမိုများပြားလာကာ ဘေးလွှတ်ရာသို့ တိမ်းရှောင်မှုများလည်းဖြစ်ပေါ်နေပါသည်။
ထို့ကြောင့် ကချင်ဒေသတကျော့ပြန် စစ်ပွဲဖြစ် (၁၁) နှစ်ပြည့် ‌အပေါ် အောက်ပါအတိုင်း သဘောထားကို ထုတ်ပြန်လိုက်ပါသည်။
(၁) ပြည်သူများကို မတရားအကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခြင်းများကိုလည်း ရပ်တန့်ပေးရန်၊ သတင်းမီဒီယာသမားများနှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိလွှတ်ပေးရန် တောင်းဆို အပ်ပါသည်။
(၂) နိုင်ငံတကာအဖွဲ့အစည်းများအားလုံးမှတာဝန်ရှိသူများ၊ အာဆီယံနိင်ငံအသီးသီးမှ တာဝန်ရှိအဖွဲ့ဝင်များ အနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်မှုများ ဖိတ်ကြားမှုများ မပြုလုပ်ရန်၊ ယခုဖြစ်နေသော မြန်မာ့နိုင်ငံရေးနှင့် ပြည်တွင်းစစ် ပဋိပက္ခများကို ယခုထက်ပိုမိုအားစိုက်ကာ ဝင်ရောက်ပူးပေါင်းဖြေရှင်းပေးခြင်းများကို ဆောင်ရွက်ပေးရန် တောင်းဆိုတိုက်တွန်းအပ်ပါသည်။
(၃) စစ်ဘေးတိမ်းရှောင်ခံနေရသည့် သူများအတွက် အထောက်အပံ့များဖြစ်စေသော အခြေခံ အစားအသောက်များ၊ လုံခြုံမှုရှိသောနေအိမ် အဆောက်အအုံများ၊ ကျန်းမာရေးအထောက်အပံ့ပစ္စည်းများ အစရှိသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတကာတွင်ရှိသော အစိုးရများ၊UN, INGO, များသာမက လူမှုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် ပိုမိုအားပေးထောက်ပံ့ကူညီရန် တောင်းဆိုအပ်ပါသည်။

(၄) တိုင်းရင်းသား ပြည်သူများလိုလားတောင့်တနေသည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိသော အုပ်ချူပ်ရေးဖြစ်ပေါ်လာစေရန် ပြည်သူလူထုများ အတူတကွလက်တွဲကာ ပါဝင်ပူပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

– All Kachin Youth Union – AKYU
– Kachin Human Rights Watch – KHRW
– Universities Kachin Literature and Culture Association – Yangon (Yangon JLH)



Contact Person –
Ms. Elizabeth
Signal Number: +918076311958

Download Pdf file : https://bit.ly/3zqr4kd

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links