ကချင်အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ ညနေ ၄း၀၀ နာရီ ဝန်းကျင်ခန့်တွင် စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်းပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့ပါသည်။
၂၀၂၂ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် တရားရုံး၌ အမိန့်ချရာ ဒေါက်တာအမ်ကောန်လကို ထောင်ဒဏ် (၂) နှစ် ချမှတ်လိုက်ခြင်းအပေါ် မိမိတို့ KHRW မှ အပြင်းအထန်ကန့်ကွက်ရှုံ့ချလိုက်ပါသည်။ ဒေါက်တာအမ်ကောန်လကို ထောင်ဒဏ် (၂) နှစ် ချမှတ်လိုက်ခြင်းသည် ပြည်သူလူထုများ လိုလားနေသည့် ဖက်ဒရယ်ဒီမိုကရေစီနစ်ရရှိရေး၊ တရားမျှတမှုရရှိရေးနှင့် ငြိမ်းချမ်းရေးကို ရှေ့မရှု့ဘဲ အာဏာရှင်စနစ်ကျင့်သုံးနေသည်ကို တွေ့မြင်နေရပါသည်။
ထို့ကြောင့် မတရားဖမ်းဆီးထောင်ဒဏ် ချမှတ်ခံထားသော ဒေါက်တာအမ်ကောန်လကို အမြန်ဆုံးလွတ်ပေးပါရန် တောင်းဆိုလိုက်ပါသည်။