KHRW

Kachin Human Rights Watch

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ – က ဖြင့် ထောင်ဒဏ် (၂) နှစ်ချမှတ်ခံရသော ဥက္ကဋ္ဌ ဒေါက်တာ M Kawn La

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ – က ဖြင့် ထောင်ဒဏ် (၂) နှစ်ချမှတ်ခံရသော ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ကို ယနေ့ မတ်လ (၂၃) ရက်နေ့တွင် အမိန့်ချမှတ်လိုက်ပါသည်။ ၂၀၂၁ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ ညနေပိုင်းအချိန်တွင် ရဲနှင့် စစ်သားများက နေပြည်တော်တွင် ဒေါက်တာအမ်ကောန်ကို မတရားဖမ်းဆီးခံခဲ့ရသည်။ ဒေါက်တာ M Kawn La သည် (၇) လခန့်ကြာ ဖမ်းဆီးခံခဲ့သည်။

Kachin National Congress  KNC  Facebook Page တွင် တန်းတူညီမျှမှု၊ တရားမျှတမှု၊ လွတ်လပ်မှု ကျရှုံးနေသည် ဖော်ပြထားပါသည်။
“ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC)၏ ဉက္ကဌ ဒေါက်တာအမ်ကောန်လ ကို ယနေ့ ၂၃.၃.၂၀၂၂ ရက်နေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံး ၌ ၅၀၅ က ပုဒ်မဖြင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။
တန်းတူညီမျှမှု၊ တရားမျှတမှု၊ လွတ်လပ်မှု တို့၏ ကျရှုံးခြင်း ပြယုဂ်အဖြစ် တွေ့မြင်ရပါသည်။”

Crd: KNC Facebook Page

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links