KHRW

Kachin Human Rights Watch

ဝူယန်ကျေးရွာအတွင်းအခြေစိုက် ပြည်သူစစ်နှင့် KIA တိုက်ပွဲဖြစ်ပွားရာ အရပ်သားပြည်သူလူထုနေသည့် နေအိမ်အတွင်းသို့ လက်နက်ကြီးငယ်ကျရောက်

ဝိုင်းမော်မြို့နယ်‌၊ ဝူယန်ကျေးရွာအတွင်း အခြေစိုက်နေသော ပြည်သူ့စစ်စခန်းနှင့် KIA ဇန်နဝါရီလ (၈) ရက်နေ့မနက်(၆) နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ပြည်သူ့စစ်များရမ်းတမ်းပစ်ခက်မှုကြောင့် အရပ်သားလူနေအိမ်များသို့ လက်နက်ကြီးငယ်များကျရောက်သဖြင့် ပျက်စီး ဆုံးရှုံးမှုများရှိခဲ့သည်။ ၎င်းပြည်သူ့စစ်စခန်းသည် ဝူယန်ကျေးရွာအတွင်းစခန်ချထားသော ပြည်သူ့စစ်စခန်းစခုဖြစ်ပါသည်။ ပြည်သူလူများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ကျေးရွာအတွင်း စခန်းမချရန်ပြောဆိုသော်လည်း လိုက်နာမှုမရှိ‌သည်ကို သိရပါသည်။

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links