KHRW

Kachin Human Rights Watch

နွေးထွေးတဲ့ဘဝ ရစေချင်(ဆောင်းပါး)

ယခုအပတ်မှာတော့ စစ်ရှောင်တွေ နေရပ်ပြန်လာခြင်းကိစ္စကို ကောင်းမကောင်း သင့်မသင့် ဝိုင်းပြီး စဉ်းစားပေးခြင်းကဏလေးပါဘဲ… မိမိနေထိုင် စစ်ရှောင်စခန်းကနေ ဝိုင်းမော်မြို့နယ်၊ ဂါးရာယန်ကျေးရွာ၊ ဒဘတ်ယန်ကျေးရွာနှင့် ကိုယ့်ဒေသကို ပြန်လာကြတဲ့ စစ်ရှောင်ပြည်သူများအတွက် သင့်မသင့် ကောင်းမကောင်း အခြေအနေမှန်ကို တွေးဆနိုင်သလို တင်ပြရခြင်းဖြစ်ပါတယ်။
လူသားခြင်းအတူတူ လူ့အခွင့်အရေးကို တိုင်းရင်းသားများအားလုံးတန်းတူညီမျှရဖို့ လိုပါတယ်။ ယခုပြန်လာကြတဲ့ စစ်ရှောင်တွေရဲ့ စားရေးသောက်ရေး နေရေး ထိုင်ရေး မလုံမခြုံမှုတွေရှိကြောင်းလဲ ကြားသိရပါတယ်။ စားရေးသောက်ရေးဆိုတာ ထောက်ပံ့မှုအပေါ်မှာ မှီခိုနေလို့ မဖြစ်ပါဘူး.. သူများပေးမှ စားရတဲ့ ဘဝဟာ မသေချာတဲ့ မျှော်လင့်ချက်မျိုးဖြစ်ပါတယ်။ အလုပ်အကိုင်အနေနဲ့လဲ ဘာမှ မသေချာ၊ အသက်မွေးဝမ်းကြောင်းမဲ့ လယ်ယာ စိုက်ပျိုးရေး မွေးမြူရေးတို့ကိုလည်း ပြန်လည်ဖော်ဆောင်လုပ်ကိုင်ရဦးမှာပါ။
စိတ်ချစရာမရှိသေးတဲ့အရပ် စားဝတ်နေရေး စိုက်ပျိုးရေးအရာရာ အဆင်သင့် မဖြစ်သေးတဲ့ အချိန်မှာ နေရပ်ကို ပြန်လာတာဟာ အချိန်ကောင်းမဟုတ်သလို အေးချမ်းရာ နေထိုင်နိုင်ဖို့ ၉၀ % မဖြစ်နိုင်သေးဘူးလို့ သုံးသပ်မိပါတယ်။ ဇန်နဝါရီ ၈ ရက် ဝိုင်းမော်ြမို့နယ် ဝူယန်ကျေးရွာအခြေစိုက် ပြည်သူ့စစ်ခန်းနှင့် KIA တို့ တိုက်ပွဲဖြစ်ခဲ့တာ သာဓကရှိခဲ့သလို။ မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသော မြေပြင်အခြေအနေများကိုလည်း မေ့ထားလို့မရပါ။ စစ်အာဏာသိမ်းပြီး ကချင်ပြည်နယ်အတွင်း ပြည်နယ်အခြေစိုက် သတင်းမီဒီယာများ ဖျက်သိမ်းထားသဖြင့် သတင်းစီးဆင်းမှုများ ကြန့်ကြာခက်ခဲနေခြင်းကလည်း လွန်စွာအရေးပါလှသည်။


တိုင်းရင်းသားဒေသများအတွင်း လေကြောင်းမှပင် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ ယခုလိုနေရပ်ပြန်စစ်ရှောင်များအတွက် မည်သည့် အစိုးရ၏ လက်အောက်၌ နေသည်ဖြစ်စေ စိုးရိမ်ပူပန်စရာကောင်းလှပေသည်။ ကိုယ့်အရပ်ဒေသ ကိုယ့်အိမ်ကိုယ်ပြန်ချင်ကြသည်မှာ ဓမ္မတာပါ (၁၀) နှစ်ကျော်စစ်ရှောင်များ၏ စိတ်ဒါန်ရာ မည်မျှရှိမည်ဆိုသည်ကိုလည်း နားလည်ပေးနိုင်ပါသည်။ သို့သော် တရားဥပဒေစိုးမိုးမှုမခိုင်လုံသေးသည့် အရပ်တွင် အရွယ်ရောက်နေသော ယောင်္ကျားလေးများအတွက် စစ်သားစုဆောင်ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခံရမည့်အရေး၊ ငယ်ရွယ်သူ မိန်းကလေးတွေအတွက် အဓမ္မပြုကျင့်မှုများ၊ လူကုန်ကူးခံရမှုများ အထူးဆိုးရိမ်ရပါသည်။ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ အမိုးအကာ လုံခြုံသည့် နေအိမ်များ လိုအပ်လှပေသည်။ ထို့အတူ ရေနှင့် မီးရရှိဖို့လည်း အထူးလိုအပ်လျက်ရှိပေသည်။


ထို့ကြောင့် နေရပ်ပြန်စစ်ရှောင်များကို အကြံဉာဏ်အနေဖြင့် မိမိတို့ ပြန်လာမည့် အင်အားစု၏ အစုအဖွဲ့၏ အကြီးအကဲများအား နယ်မြေအခြေအနေနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိစေသော လူကြီးပိုင်းများ အုပ်ချုပ်လျှက်ရှိသော အာဏာပိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးအတည်ပြုစေချင်ပါသည်။ နေမှုထိုင်မှုကိုလည်း တရားဝင်ဖြစ်စေရန်၊ တရားဝင်မှုရှိသော လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနသော်၄င်း ရှိသော ရုံးတစ်ခုခုရှိသင့်နေစေချင်သည့် ချိတ်ဆက်ထားစေချင်သည်။ ဒါမှသာ ရာဇဝတ်မှုသော်၄င်း၊ မတရားမှုတစ်ခုခုသော်၄င်း ဖြစ်လာခဲ့ပါက ဖြေရှင်းစရာအသိအမှတ်ပြုစရာရှိထားနိုင်ပေမည်။ နေရပ်ပင်မှန်သော်လည်း (၁၀) နှစ်တာ ကာလ စွန့်လွှတ်ထားရခြင်းကြောင့် အိုးပျက်၊ အိမ်ပျက်၊ လယ်ပျောက်ရာပျောက်နဲ့ စားသောက်လုပ်ကိုင်ရန် အခက်အခဲက လွန်စွာကြီးမာလှပါတယ်။ အကူအညီများထံမှ အဝတ်အစားအပြင် လယ်ရာ သုံးပစ္စည်းများပါ အကူအညီတောင်းခံရမလိုဖြစ်နေပါတယ်။ ထို့ကြောင့် အစစအရာရာ ဒေါင့်စုံဘက်စုံမှ ကြည့်ပြီး အစိုးရ အာဏာပိုင်များ အစုအဖွဲ့ လူကြီးခေါင်းဆောင်များ နယ်မြေခံများနှင့် စုပေါင်းတွေ့ဆုံ တိုင်ပင်ပြီးမှ စိတ်ချရသော အခြေအနေတရပ် တာဝန်ယူမှု တာဝန်ခံမှုတစ်ခုခုရှိမှသာ ပြန်လည်လာရောက်နေထိုင်သင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links