အာဏာသိမ်းတစ်နှစ် စစ်ကောင်စီအစိုးရ၏ အုပ်ချုပ်မှုသည် ပြည်သူလူထုများကို အကြမ်းဖက်သော နည်းဖြင့် အုပ်ချုပ်မှုလုပ်ဆောင်ခဲ့ပါသည်။ စစ်ကောင်စီအစိုးရခေါင်းဆောင်မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေးကို လိုလားသည်ဟု ပြောဆိုသော်လည်း လက်တွေ့အုပ်ချုပ်မှုသည် လက်နက်ကို အသုံးချပြီး ပြည်သူလူထုကို အကြမ်းဖက်သည့် နည်းလမ်းပေါင်းစုံအသုံးပြုကာ အုပ်ချုပ်နေသည်ကို တွေ့ရပါသည်။ မြန်မာ့တပ်မတော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်၍ ပြည်သူလူထု ရွေးကောင်တင်မြောက်ထားသော အစိုးရကို ရက်ရက်စက်စက် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ကာ မြန်မာ့တပ်မတော်ကို စစ်ကောင်စီအစိုးရဟု အမည်ပေး၍ ပြည်ထောင်စုမြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ပါသည်။ ထိုသို့ အုပ်ချုပ်ခဲ့သည့် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်၍ ပြည်သူရွေးကောက်တင်မြောက်ထားသော လွတ်တော်အမတ်များ၊ နိုင်ငံတော်အကြီးအကဲများ၊ အစိုးရဝန်ထမ်းများ၊ ရှေ့နေများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စစ်အာဏာသိမ်းမှုအလိုမရှိ ဆန္ဒပြပြည်သူများ၊ သတင်းထောက်များ၊ စစ်ကောင်စီကို အလိုမရှိသော အဖွဲ့အစည်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ အစုလိုက်မီးရှို့သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ စသည် စစ်ရာဇဝတ်မှုမြောက်များစွာကို ကျူးလွန်နေပါသည်။

စစ်ကောင်စီအစိုးရ၏ အကြမ်းဖက်မှုသည် နည်းလမ်းတကျ၊ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ လုပ်ဆောင်နေပါသည်။ စစ်ကောင်စီအစိုရအကြမ်းဖက်မှုကြောင့် ကလေး ၁၀၀ ဦး အပါအဝင်၊ ပြည်သူ ၁၅၀၀ ဦး နီးပါး သေးဆုံးခဲ့သည်ကို နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ က ဖော်ပြထားပါသည်။ စစ်ကောင်စီအစိုရမှ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသူ စုစုပေါင်း ၈၇၉၈ ဦး ရှိပြီး စုစုပေါင်း ၆၅၄ ဦးကို ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ ရခဲ့ပြီး သေဒဏ်ပေးခံရသူ ၈၄ ဦးရှိနေပြီကို Assistance Association for Political Prisoners (Burma) AAPP အဖွဲ့အစည်းမှ ဖော်ပြထားသော အချက်အလက်ဖြစ်ပါသည်။

စစ်ကောင်စီအဖွဲ့ဝင် လက်နက်ကိုင်တပ်ဖွဲ့များမှ ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနများကို ဖျက်သိမ်းခြင်း၊ သတင်းထောက်များကို ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သည်။ စစ်ကောင်စီအစိုးရသည် ပြည်သူလူများကို သတင်းအမှောင်ချပြီး နိုင်ငံတကာအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို သတင်းအမှားများ ဖြန့်ဝေ၍ စစ်ကောင်စီအစိုးရကို အသိအမှတ်ပြုရန် ကြိုးစားနေပါသည်။ စစ်ကောင်စီ၏ တစ်နှစ်ပြည်တော့မည့်အချိန်တွင် ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)သည် “မည်သူမဆို ဆက်သွယ်ရေးဥပဒေအရ လိုင်စင်ရယူ၍ ဝန်ဆောင်ပေးသည့် ကွန်ရက်ပေါ်တွင် ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ Virtual Private Network (VPN) နည်းပညာ သို့မဟုတ် အလားတူနည်းပညာအသုံးပြု၍ ကွန်ရက်ထူထောင်ခြင်း၊ အဆိုပါ ကွန်ရက်ကို ဝင်ရောက်ချိန်ဆက်ခြင်း၊ အသုံးပြုခြင်း၊ ပြုလုပ်ကြောင်း၊ ပြစ်မှုထင်ရှာ၊ စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းငါးဆယ်ထက်မပိုသော ငွေဒဏ်ဖြစ် ဒဏ်နှစ်ရပ်လုံ ဖြစ်စေ ချမှတ်ရမည်။” ဟု ထုတ်ပြန်ထားပါသည်။ ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း) သည်ပြည်သူလူထုများကို ဖမ်းဆီးခြင်း၊ ရိုက်နှိက်ခြင်းနှင့် စသည့် အကြမ်းဖက်မှုများကို အချိန်မရွေးလုပ်ဆောင်နိုင်သည်ကို အာဏာပြလုပ်ဆောင်နေသည်ဟု တွေ့ရပါသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပြည်သူလူထူများ နေထိုင်သည် ဒေသအတွင်း ထိုးစစ်ဆင်မှုများ ဆက်လုပ်ဆောင်နေပါသည်။ ထိုစစ်ဆင်မှုကြောင့် တိုက်ပွဲဖြစ်ပွားရာ ပြည်သူလူထုမြောက်များစွာ ထွက်ပြေးတိမ်းရှောင်နေရသည်။
KHRW မှ စစ်ကောင်စီအစိုးရ (၁) နှစ်အတွင်း အုပ်ချုပ်မှုကို ပြန်သုံးသပ်ရရင် ပြည်သူလူထုကို အကျိုးပြုလုပ်ရမည့် အစိုးရမဟုတ်ဘဲနဲ့ ပြည်သူလူထုကို နှိပ်စက်နေသော အစိုးရဖြစ်သည်ဟု သုံးသပ်မိပါသည်။

ပြည်တွင်းငြိမ်းချမ်းရေးရရန် ကြိုးစားခဲ့သည်မှာ နှစ်ပေါင်း (၇၀) ကျော်နေပြီဖြစ်ပါသည်။ ပြည်သူလူထုများတောင်းဆိုနေသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရရှိရန်အတွက် စစ်ကောင်စီအစိုးရကို ဖြုတ်ချရန်အထူးလိုအပ်နေသည်။ စစ်ကောင်စီအစိုးရဖြုတ်ချနိုင်ဖို့ စီးပွားရေးလုပ်ဆောင်နေသော လူဂ္ဂိုလ်များသည် စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေသော စီးပွားရေးလုပ်ငန်းများကို ရပ်တန့်စေပြီး ပြည်သူလူထုနဲ့အတူ ပူးပေါင်းပါဝင်ရန် အရေးကြီးပါသည်။
