ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးကျေးရွာတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ စေလွှတ်သော စေတနာ့ဝန်ထမ်းဆရာမ (၂) ဦး ဆရာမ မရန်လုရာ (အသက် ၂၀)နှင့် ဆရာမ မတန်ဘောင်ခေါန်နန်စင် (အသက် ၂၁) တို့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့ နံနက် (၁) နာရီခန့်အချိန်တွင်ကျောက်မဲအခြေစိုက် တပ်ရင်း ခမရ (၅၀၃) တပ်သားများမှ ဆရာတို့နှစ်ယောက်ကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့ရသည်။ ထိုတို့ဖြစ်စဉ်သည် ယနေ့ (၇) နှစ်ပြည့်ခဲ့ပါသည်။ ဆရာမတို့ နှစ်ယောက််ကို မတရား အနိုင်ကျင့်သအတ်ဖြတ်ခံမှုသည် ယနေ့အချိန်ထိ တရားမျှတမှုမရရှိခဲ့ပါ။ မတရားအနိုင်ကျင့်ခံရသော ဆရာမနှစ်ဦး၏ အမှန်တရား အမြန်ဆုံးရရှိအောင် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်မည်ဖြစ်ပါသည်။
