KHRW

Kachin Human Rights Watch

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အောက်တိုဘာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းနှင့် အစီရင်ခံစာ (Volume -4)

မိတ်ဆက်

ဤလူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းနှင့် အစီရင်ခံစာသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်း  ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း အရပ်သားပြည်သူများကို လူ့အခွင့်အရေးချိုးဖောက်မှုများ အကျဉ်းချုပ် ဖော်ပြထားခြင်းဖြစ်ပါသည်။ ၄င်းဒေသတွင် စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူများကို မတရားဖမ်းဆီးခြင်း၊ လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းနှင့် လက်နက်ကြီးငယ်များကြောင့်သေဆုံးခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ပြုလုပ်နေသည့် သတင်းအချက် များကို ဖော်ပြထားပါသည်။ ဤအစီရင်ခံစာတွင်ပါဝင်သည့် သတင်းအချက်အလက်များသည် ကချင်ပြည်နယ် အခြေစိုက် သတင်းဌာနများနှင့် ပြည်သူလူထုများမှ မှတ်တမ်းးပြုစုကာဖော်ပြ ထားသော မှတ်တမ်းပြုလုပ်ထားသော လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်း Volume – 4 ဖြစ်ပါသည်။

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links