ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ နောင်မွန်မြို့တွင် မြန်မာပြည် ငြိမ်းချမ်းရေးရရှိဖို့ ဘာသာပေါင်စုံ ဆုတောင်းပွဲအစီအစဉ်တွင် ပါဝင်ခဲ့သော ခရစ်ယာန် သိက္ခာတော်ရဆရာတော် ဂိုရှန်ဆင်ဆားရ် (နှစ်ခြင်းခရစ်ယာန်အသင်းတော်)၊ သိက္ခာတော်ရ ဆရာတော် ဇဂေါန်ထီန (ခရစ်တော်၏အသင်းတော်)နှင့် သိက္ခာတော်ရဆရာတော် မဟောင်ဒီး (ရဝမ်နှစ်ခြင်းအသင်းတော်) ဓမ္မဆရာတော် ၃) ပါးကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် စစ်ကောင်စီ၏ အဖွဲ့ဝင်ဖြစ်သော တပ်သားများနှင့် ရဲများသည် ရာဇသတ်ကြီး ပုဒ်မ – ၅၀၅ (က) နဲ့ တရားစွဲဆိုပြီး ၄င်းဆရာတော် (၃) ပါးကို ဖမ်းဆီးချုပ်နှောင်ခေါ်ဆောင်သွားခဲ့ပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့တွင် လွှတ်မြောက်လာခဲ့သည်။
