စစ်ကောင်စီမှ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ မြန်မာနိုင်ငံကို မတရားအာဏာသိမ်းခဲ့သည့် အချိန်မှ စတင်ပြီး ကျောင်းသူ/သားများ၊ လူငယ်များနှင့် ပြည်သူများအားလုံး အာဏာသိမ်းမှုကို လက်သင့်မခံဘဲ ဆန္ဒပြခဲ့ပါသည်။ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ဆန္ဒပြခဲ့ရာတွင် ပါဝင်ခဲ့သော လူငယ်တစ်ဦးသည် ၂၄.၃.၂၀၂၁ ရက်နေ့တွင် စစ်ကောင်စီမှ မတရားဖမ်းဆီးခဲ့ပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့ ပြန်လည်လွှတ်မြောက်လာခဲ့သည်။ ထိုလူငယ်ကို KHRW မှ မေးမြန်ထားပါသည်။
စစ်ကောင်စီမှ မည်သည့်ပုံစံနဲ့ ဖမ်းဆီးခဲ့သနည်း?
ကျွန်နော် မနက် ၅ နာရီတွင် အိမ်မှ ထွက်လာချိန် လမ်းလျှောက်နေရင်း သူငယ်ချင်း(၂) နှစ်ဦးနှင့် ကျွန်နော့်ကို ဖမ်းဆီးပြီး ရဲစခန်းသို့ ဖမ်းဆီးသွားပြီး စစ်ဆေးရေးစလုပ်တော့တယ်.. ရဲစခန်းရောက်တော့ သူတို့သိချင်တာမေးတာပေါ့ဗျာ စစ်ဆေးရေးလုပ်တဲ့အချိန်မှာ မေးတာမဖြေရင် ရိုက်တယ်… ရိုက်တဲ့အချိန်မှာ ရင်ဘက်နှင့် ကျောဘက်မှာပဲ ရိုက်တယ်.. ဘာဖြစ်လို့လဲဆိုတော့ တစ်ခြားနေရာမှာလဲ ရိုက်ရင် ဒဏ်ရာမြင်မှာဆိုလို့ အဲ့နှစ်ခုမှာပဲ ရိုက်တာပါ.. မေးမြန်ပြီးနောက် မနက်ပိုင်းမှာပဲစစ်ကြောရေး ပြီးသွာတယ်…. ပြီးတော့ တရားရုံးကို သွားပြီး ရမှန်ယူပြီး ထောင်ကိုပို့တယ်..
ထောင်ထဲရောက်တော့ ဘယ်လိုထိန်းသိမ်းခံခဲ့ရသလဲ?
စရောက်ချင်း ကျွန်နော် တစ်ပတ်လောက်တော့ တစ်ယောက်ထဲ တိုက်ပိတ်ထားခံရခဲ့တယ်…. တစ်ရက်မှာ မနက်၊ နေလယ်၊ ညနေ ရေချိုးချိန်တော့ ဖွင့်ပေးတယ်…. ထောင်ထဲမှာ ရောက်နေသည့် အချိန်တွင် “ဟိုမသွားရ ဒီမသွားရ” ကန့်သတ်မှုရှိတယ် တစ်ယောက်နဲ့ တစ်ယောက် စကားမပြောရ၊ ပြောရင် ဒဏ်ပေးရခံတယ်….. အစားစာကို နဂိုသတ်မှတ်ထားတာထက် လျော့စားခိုင်းတယ်… မိသားစုနဲ့ တွေ့ခွင့် မပေးဘူး…. အိမ်က တစ်ခုခုပို့ပေးခဲ့ရင်လဲ ကျန်တော့ဆီ မပေးဘူး…. ကျန်မားရေးစောင့်ရှောက်မှုလည်း မပေးဘူ… ဖျားတဲ့အချိန်ဆိုရင် Paracetamol ပဲ ပေးတယ်… ထောင်ထဲမှာ ရှိနေစဉ် ဘာမှ လုပ်လို့မရဘူး…. စည်းကမ်းတွေအားလုံးက ထောင်ပိုင်ရဲ ပါးစပ်ထဲမှာဘဲ ရှိတယ်… ထောင်သားအချင်းချင်းလည်း ပိုက်ဆံရှိတဲ့ သူများက အထက်စီးဆန်တယ်…. ထောင်သားအချင်းချင်းတာ့ အခွင့်အရေးချိုးဖောက်မှုတော့ သိပ်မရှိဘူး….
ထောင်ထဲမှာရှိနေချိန် ဘယ်လိုကျော်ဖြတ်ရခဲ့သလဲ။
ကျွန်နော် ထောင်ထဲမှာ ရှိနေအချိန် စိတ်ဓာတ်တွေလဲ ကျခဲ့ရတယ်ဗျာ…. ဆုတောင်းရင်း ခွန်းအားယူ စာတွေဖတ်ရင်းနဲ့ ကျော်ဖြတ်ခဲ့ရတယ်… ထောင်ထဲမှာ လူကြီးများနဲ့ စကားပြောဖြစ်ခဲ့ပြီး အတွေ့အကြုံတွေ ဖလှယ်ရင်း နေခဲ့ရတယ်…
ဖမ်းဆီးခံရမှုအပေါ် ဘယ်လိုပြောချင်လဲ
ယခုလိုဖမ်းဆီးခံရတာက တရားဥပဒေဆိုတာ သူတို့လက်ထဲမှာဘဲ ရှိနေတဲ့ သဘောဖြစ်နေပါတယ်…. အရေးတော်ပုံအောင်မြင်တဲ့အချိန်မှာ ပြောင်းလဲပစ်ရမယ့် ဥပဒေအများကြီးရှိပါတယ်…. ဖမ်းဆီးခံရတဲ့ သူတွေထဲမှာ တစ်ချို့က ဈေးရောင်းရင် မတရား ဖမ်းဆီးခံရတယ်၊ တစ်ချို့က ကစားရင်နဲ့ ဖမ်းဆီးခံရတဲ့ အဖြစ်မျိုးအများကြီးရှိပါတယ်…. ကျွန်နော်တို့က ဖမ်းခံရင်လဲ/ အဖမ်းမခံရင်လဲ ကြိုတင်ပြင်ဆင်ထားတဲ့ အတွက်ကြောင့် ဘာမဖြစ်ဘူး… တစ်ချို့က အလကားနေရင်း လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့သူတွေက အများအပြားရှိနေပါတယ်…