ကချင်ပြည်နယ် စက်တင်ဘာလအတွက်း လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းနှင့် အစီရင်ခံစာ (Volume 3)
မိတ်ဆက်
ဤလူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းနှင့် အစီရင်ခံစာသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်း ကချင်ပြည်နယ်တွင် အရပ်သားပြည်သူများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အကျဉ်းချုပ် ဖော်ပြထားခြင်းဖြစ်ပါသည်။ စက်တင်ဘာလအတွင်း မတရားအာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်ဖြစ်သော ရဲများနှင့် စစ်တပ်သားများသည လူငယ်များကို မတရားဖမ်းဆီးခြင်း၊ ကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခြင်းကြောင့် သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ပြုလုပ်နေသည့် သတင်းအချက်များကို ဖော်ပြထားပါသည်။ ဤအစီရင်ခံစာတွင်ပါဝင်သည့် သတင်းအချက်အလက်များသည် ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနများနှင့် ပြည်သူလူထုများမှ ပေးပို့လာသော အချက်အလက်များမှ သေချာစစ်ဆေးပြီးမှ မှတ်တမ်းးပြုစုကာဖော်ပြ ထားသော မှတ်တမ်းပြုလုပ်ထားသော လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်း Volume – 3 ဖြစ်ပါသည်



