ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ကုလသမဂ္ဂက ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ထိုနေ့ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့တွင် ၇၇ ကြိမ်မြောက်နေ့ ရောက်ရှိပြီဖြစ်ပါသည်။ ယခု ကျရောက်သော (၇၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အတွက် ဆောင်ပုဒ်မှာ “ငါတို့အသံ၊ ငါတို့တိုက်ပွဲ၊ငါတို့အခွင့်အရေး” “Our Voice, Our Fight, Our Rights” ဖြစ်ပါသည်။
“အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့”ကို နိုင်ငံတကာတွင် လွတ်လပ်စွာကျင်းပနိုင်သော်လည်း မြန်မာတစ်နိုင်ငံလုံး အပါအဝင် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် စိုးရိမ်နေရပါသည်။ အာဏာသိမ်းစစ်ကော်မရှင်သည် နိုင်ငံကို အကြမ်းဖက်စွာ အုပ်ချုပ်မှုကြောင့် ပြည်သူများသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ ပဋိပက္ခများသည် ဒုက္ခဆင်းရဲ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ အသက်ဆုံးရှုံးခဲ့ရပြီး လူ့အသိုင်းအဝိုင်းများ ပျက်စီးဆုံးရှုံးခဲ့ရသည်။ စစ်ကော်မရှင်တပ်ဖွဲ့သည် ၄ နှစ်ကျော်အုပ်ချုပ်မှုအချိန်တွင် ကလေးများအပါအဝင် ပြည်သူများကို မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ဖြတ်ခြင်း၊ ဘာသာရေး အဆောက်အဦးများကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ သွားလာခွင့်ကို ပိတ်ပင်ခြင်းနှင့် သတင်းအမှောင်းချခြင်း စသည့်အခွင့်အရေးများကို ကျူးလွန်ချိုးဖောက်နေလျှက်ရှိပါသည်။

ယနေ့ကျရောက်သည့် “၇၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့” တွင် အောက်ပါအချက်များ အမြန်ဆုံးဖော်ဆောင်ရန်တိုက်တွန်းကြောင်း “ကချင်လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (KHRW)”မှ သဘောထားထုတ်လိုက်ပါသည်။
၁။ အာဏာသိမ်းစစ်ကော်မရှင်သည် ပြည်သူလူထုများအပေါ် ကျူးလွန်ချိုးဖောက်ခဲ့သည့် အမှုများကို တာဝန်ယူ တာဝန်ခံရန်။
၂။ နိုင်ငံတကာတရားစစ်ခုံရုံးမှ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးရန်နှင့် စစ်ကော်မရှင်ကို ထောက်ပံ့ပေးနေသည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန်။
၃။ အရပ်သားပြည်သူများကို အကာအကွယ်ပေးခြင်းနှင့် အကြမ်းဖက်မှုလုပ်ရပ်များကို ရပ်တန့်ရန်။
၄။ ပဋိပက္ခတွင် ပါဝင်ပတ်သက်သူအားလုံး၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာရန်။
For more information please contact:
• Mr. Jacob (Kachin Human Rights Watch – KHRW), Signal no. (+91) 8178375228.

