KHRW

Kachin Human Rights Watch

အောက်တိုဘာလအတွင်း စစ်တပ်မှ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများ အစီရင်ခံစာ

October Report on Human Rights Violations Committed by the Military

နိဒါန်း (Introduction)

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ကချင်ပြည်နယ်တစ်ဝန်း၌ စစ်ကောင်စီတပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုများနှင့် အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံများ ဖျက်ဆီးခံရမှု အခြေအနေများကို Kachin Human Rights Watch မှ စောင့်ကြည့်မှတ်တမ်းတင်၍ ဤအစီရင်ခံစာကို ထုတ်ပြန်အပ်ပါသည်။ ယခုလအတွင်း စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုများ၊ ဒရုန်းနှင့် လက်နက်ကြီး အသုံးပြုပစ်ခတ်မှုများကို လူနေကျေးရွာများနှင့် ပြည်သူများ အများဆုံးသွားလာရာ နေရာများသို့ ဦးတည်လုပ်ဆောင်ခဲ့ပြီး၊ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့ ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးမှုများကိုလည်း ဆက်တိုက် ကျူးလွန်ခဲ့သည်။

နိဂုံးနှင့် တိုက်တွန်းချက် (Conclusion)

အထက်ပါ ဖြစ်ရပ်များအရ စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများနှင့် စစ်ရေးပစ်မှတ်များကို ခွဲခြားမှုမရှိဘဲ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (International Humanitarian Law) နှင့် ဂျီနီဗာသဘောတူညီချက် (Geneva Conventions) များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိကြောင်း ထင်ရှားပါသည်။ အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုများနှင့် ဘာသာရေးအဆောက်အအုံများ၊ အများပြည်သူအသုံးပြုနေသော တံတားများနှင့် လူနေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုများသည် စစ်ရာဇဝတ်မှု (War Crimes) ကို ကျူးလွန်နေခြင်းပင် ဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ပေးနိုင်ရေးအတွက် စစ်ကောင်စီအပေါ် ထိရောက်သော အရေးယူပိတ်ဆို့မှုများကို အမြန်ဆုံးလုပ်ဆောင်ရန်၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားသော စစ်ရေးတိုက်ခိုက်မှုများမှ အရပ်သားပြည်သူများကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရန် နိုင်ငံတကာအနေဖြင့် အရေးပေါ်ဆောင်ရွက်ပေးရန်နှင့် လိုအပ်နေသော လူသားချင်းစာနာမှုအကူအညီများ (Humanitarian Aid) အချိန်မီရရှိရေးအတွက် ဝိုင်းဝန်းကူညီပေးကြပါရန် Kachin Human Rights Watch – KHRW မှ အလေးအနက် တိုက်တွန်းတောင်းဆိုအပ်ပါသည်။

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links