KHRW

Kachin Human Rights Watch

လူ့အခွင့်အရေးချိုးဖောက်မှုများ လစဉ်စာစောင် (ဇန်နဝါရီ – ၂၀၂၆)

နိဒါန်း

၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကချင်ပြည်နယ်၌ စစ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ မြင့်တက်လာခဲ့သည်။ ဤလူ့အခွင့်အရေးချိုးဖောက်မှုများ လစဉ်စာစောင်တွင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ ဖားကန့်နှင့် ဗန်းမော်မြို့နယ်များရှိ လူနေရပ်ကွက်များနှင့် ဘာသာရေးဝတ်ပြုရာနေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များကို အဓိကထား ဖော်ပြထားပါသည်။

ထူးခြားဖြစ်စဉ်များအနေဖြင့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဖားကန့်မြို့နယ်၌ နှစ်ဖက်တပ်များအကြား တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆိုင်းတောင်နှင့် ငှက်ပျောတောရပ်ကွက်များအတွင်းသို့ ကျည်ကျရောက်ပေါက်ကွဲပြီး ပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဗန်းမော်မြို့နယ်၌ ဘာသာရေးဝတ်ပြုနေသည့် အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဤဖြစ်ရပ်များသည် ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို မီးမောင်းထိုးပြနေပါသည်။

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links