KHRW

Kachin Human Rights Watch

လူ့အခွင့်အရေးချိုးဖောက်မှုများ လစဉ်စာစောင် (November, 2025)

အကျဉ်းချုပ်

ဤလစဉ်စာစောင်သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း ကချင်ပြည်နယ်ရှိ ဒေသများ၌ အာဏာသိမ်းစစ်ကော်မရှင်နှင့် အမည်မသိလက်နက်ကိုင်အဖွဲ့တစ်စုက ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းစာစောင် ဖြစ်ပါသည်။ အဆိုပါအစီရင်ခံစာအရ ပြည်သူ ၈ ဦးသည် လက်နက်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ကလေးငယ် ၂ ဦးအပါအဝင် စုစုပေါင်း ၅ ဦးသည် သေဆုံးခဲ့ကြသည်။

နိုဝင်ဘာလအတွင်း ဖားကန့်မြို့နယ်၌ စစ်ကော်မရှင် တပ်များမှ စစ်တိုက်လေယာဉ်များနှင့် အမြောက်လက်နက်ကြီးများကို ထပ်ကာထပ်ခဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ ထိုကြောင့် အရပ်သားပြည်သူများ အသက်ဆုံးရှုံးမှုများ ပြင်းထန်စွာ ဖြစ်ပေါ်နေသည်။ ထိုပြည်သူအသက်ဆုံးရှုံးမှုအပေါ် တာဝန်ယူဆောင်ရွက်ခြင်းကို မပြုလုပ်သည်ကို တွေ့ရှိရသည်။ ထို့အပြင် စစ်ကော်မရှင်သည် ဖားကန့်မြို့နယ်သာမက တစ်ခြားမြို့နယ်များ၌လည်း လက်နက်ကြီးပစ်ခတ်ခြင်းများ ဆက်လက်တိုက်ခိုက်လျက်ရှိနေပါသည်။​

Photos: crd

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links